Tea Politics ချိုပေါ့ကျ နိုင်ငံရေး

ဆရာဝန်လုပ်နေတဲ့ကျွန်တော် ရှစ်လေးလုံးအရေးအခင်းကြီးအပြီးမှာ နိုင်ငံရေးထဲရောက်သွားတယ်။ အမတ်လို့လည်း သတင်းစာမှာ ပါတယ်။ လပိုင်းလေးနဲ့ တရားခံပြေးလို့ သတင်းစာမှာပါပြန်ရော။ အဲဒါနဲ့ တိုင်းပြည်က ထွက်ပြေးရရော။ အခုထိ။


အိန္ဒိယမှာ ၂၄ နှစ်ကြာခဲ့တယ်။ နိုင်ငံရေးအလုပ် မလုပ်ရတဲ့နေ့ တရက်တလေမှ မရှိခဲ့ပါ။ ရေးလည်း နိုင်ငံရေး။ ပြောရ ဟောရလည်း နိုင်ငံရေး။ အင်တာဗျူးတွေကလည်း ဗမာလိုရော ဘိုလိုပါဖြေရတယ်။


ဒီရောက်တာ ၆ နှစ်။ နိုင်ငံရေးနဲ့ ဝေးသွားပြီ။ ၂၀၀၇-၂၀၀၈ ကတည်းက ပြည်ပမှာ လုပ်စရာလည်းမလိုတော့ပါ။


နိုင်ငံရေးပိုးဝင်တယ်လို့ ပြောစကားရှိတယ်။ ပိုးဝင်ခံရသူ ပြည်ပမှာ အများကြီးရှိပါတယ်။ သိချင်ကြ၊ မေးချင်ကြ၊ ပြောချင်ကြတယ်။ နားထောင်းရတာလည်း အကျိုးရှိတယ်။ ကျေးဇူး။


ဒီမြို့မှာ နိုင်ငံရေးစိတ်ဝင်စားသူတချို့ရှိတယ်။ တချို့က နိုင်ငံရေးသတင်းအတွက် လက်ဖက်ရည်ဆိုင်မှာ ဒကာခံတယ်။ ကျေးဇူး။ လေးငါးယောက်လောက်က လာမဲ့စနေနေ့မှာ အိမ်ကိုလာချင်ပါသတဲ့။ နိုင်ငံရေး မေးချင်လို့တဲ့။ ကိုယ်က လက်ဖက်ရည်ဖျော်တိုက်ရမှာ။


နိုင်ငံရေးဆိုတာ နားထောင်သူ ပရိသတ်ကိုကြည့် ပြောရတာ။ ရေချိန်ကြည့် ပြောရတာ။ ဒေါ်မြမြအေး လက်ဖက်ရည် ချိုပေါ့ကျ ဖျော်ရလိမ့်မယ်ထင်တယ်။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ