World Teachers' Day ကမ္ဘာ့ဆရာများနေ့

အောက်တိုဘာ (၅) ရက် ကမ္ဘာ့ဆရာများနေ့လို့ မနေ့ကတည်းက တင်ထားပြီးပြီ။ ထပ်ရေးစရာ ပေါ်လာတယ်။ ပုလဲက ကျောင်းဆရာတဦး ကွယ်လွန်တယ်လို့ သိရတယ်။


နှစ်စဉ် ဇန္နဝါရီလ (၁၆) ရက်နေ့ဟာ မြန်မာနိုင်ငံဆရာများနေ့လို့ ဝီကီပီးယားမှာ ရေးသွင်းထားပါတယ်။ ဟုတ် မဟုတ် မသိပါ။ ကျွန်တော်သိတာက နေ့တိုင်းမှာ အာစရိယကျေးဇူးရှိတယ်။


ကျွန်တော်က ကျောင်းဆရာဆရာမတွေကို ကြီးကြီးငယ်ငယ်၊ ကိုယ့်ကိုသင်ပေးတဲ့ ဆရာဆရာမ ဟုတ်ဟုတ် မဟုတ်ဟုတ် လေးစားတယ်။ ငယ်ငယ်လေးကတည်းက အခုထိ လေးစားတာ။


ကျွန်တော်က ကျောင်းပြောင်းရတာ အင်မတန်နည်းတဲ့သူ။ မူလတန်းက တကျောင်း၊ ဆယ်တန်းက တကျောင်းနဲ့ ဆေးကျောင်း။ ဒါပေမဲ့ သားသမီးတွေရဲ့ ကျောင်းတွေက များတယ်။ ဆရာဆရာမတွေလည်း များတယ်။ အမြို့မြို့ အရွာရွာမှာ ရှိကြတယ်။ တိုင်းပြည်ကလည်း ၃ ခုမှာရှိတာ။ 


အာစရိယဆိုတာ ကျားမ မရွေးပါ။ အသက်အရွယ် မရွေးပါး လူမျိုးဘာသာ မရွေးပါ။ မြို့ရွာတိုင်းပြည်လည်း မရွေးပါ။


စိတ်မကောင်းတာတခုတော့ ရှိလာတယ်။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီနဲ့ သမိုင်းကို သင်ပေးနေကြရတဲ့ ကျောင်းဆရာ ဆရာမတွေကို အားလည်းနာတယ်။ မပြောမဖြစ်တော့ မှားနေလွဲနေတာတွေကို ထောက်ပြရတယ်။ ကနေ့ကျောင်းတွေမှာ အလုပ်လုပ်နေကြတဲ့ ကျောင်းဆရာဆရာမတွေသာမကပါ ပညာရေးဝန်ကြီးဌာနက အရာရှိကြီးတွေမှာ တာဝန်ရှိတယ်။ အစိုးရတွေမှာ တာဝန်ရှိတယ်။ 


အစိုးရဆိုတာ စစ်တပ်က အာဏာသိမ်းကတည်းကနေ ကနေ့အထိ အစိုးရတွေကို ဆိုလိုတယ်။


ပညာညံ့တော့ လူတွေ စဉ်းစားတွေခေါ်တာ ညံ့တယ်။ တိုင်းပြည်ပါ ညံ့တယ်။ ပညာကောင်းတွေသင်ကြားပေးနိုင်တဲ့ နိုင်ငံတော် ဖြစ်လာပါစေသသတည်း။


ဒေါက်တာတင့်ဆွေ


Comments