ဇိုးဇိုးဇတ်ဇတ်

၁။ ဆရာခင်ဗျား ဇိုးဇိုးဇတ်ဇတ်ကို ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ဦးစီးဌာန ဒုတိယအကြိမ် (Aug 2008) ထုတ် မြန်မာအဘိဓာန်မှာ အောက်ပါအတိုင်း ဖေါ်ပြထားပါသည်။ ဆိုးဆိုးဆတ်ဆတ်/ဇိုးဇိုးဇတ်ဇတ်/ကြိဝိ လျင်မြန်သွက်လက်စွာ။


၂။ မင်္ဂလာပါဆရာရှင့်။ အလျှင်အမြန်လုပ်တာကို ဇိုးဇိုးဇတ်ဇတ်သုံးတာလား၊ ဒါမှမဟုတ် ဒေါသထွက်တာ ဇိုးဇိုးဇတ်ဇတ်တောင်တုန်တယ်။ ဘယ်ဟာအမှန်လဲသိချင်ပါတယ်ရှင့်။


အလျင်အမြန်လုပ်တာမှာ ဇိုးဇိုးဇတ်ဇတ်လို့ သုံးပါတယ်။ ဆတ်ဆတ်ခါ၊ ဆတ်ဆတ်တုန်လို့သုံးတယ်။


ကျေးဇူးတင်ပါတယ် ဆရာရှင့်။ အခု ပြဋ္ဌာန်းချက်အသစ်မှာ ဆိုးဆိုးဆတ်ဆတ်ဆိုပြီး အငြင်းပွားနေကြလို့ပါရှင့်။


ဇိုးဇိုးဇတ်ဇတ်ဆိုတာ စကားပြောအသုံးသာဖြစ်တယ်။ သတ်ပုံစာအုပ်တွေမှာ မပါခဲ့ပါ။ ဇိုးကနဲဇတ်ကနဲ၊ ဇိုးမျိုးခံ စသဖြင့် သုံးတယ်။ ဇိုးမျိုးခံကိုတော့ ဆိုးမျိုးခံလို့ရေးနိုင်တယ်။ မကောင်းတဲ့ဒဏ်ခံရတာကို ပြောလိုတာဖြစ်တယ်။ ဇွဲမျိုးခံဆိုရင် မမှန်နိုင်။


အရင်ထုတ်သတ်ပုံစာအုပ်တွေမှာ မရှိခဲ့ပါ။ ဆိုးတူကောင်းဖက်၊ ဆိုးယုတ်၊ ဆိုးဝါး၊ ဆိုးရွား၊ ဆိုးသွမ်း၊ လူဆိုး၊ ဆေးဆိုးသည်၊ အရောင်ဆိုးသည်၊ ကံဆိုးမိုးမှောင်ကျသည်၊ လူဆိုးတွေနဲ့ မောင်တိုင်ပင်၊ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ။


ဆိုးခနဲဆတ်ခနဲ၊ ဆိုးဆိုးဆတ်ဆတ်လို့ရေးတာကို မှန်တယ်မထင်ပါ။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး