COVID-19 Treatment ဘယ်လိုကုသမလဲ

ဆရာခင်ဗျာ ကျွန်တော့်အသက်က ၂၉ လူပျိုပါခင်ဗျာ ကျွန်တော်အခု covid-19 ကူးစက်ခံရတယ်ထင်ပါတယ် စစ်တော့ မစစ်ကြည့်ပါ သေချာနေပါတယ် အနံ့ပျောက်သူတယောက်ရှိကကူးတာပါ ကျွန်တော်အနံ့ပျောက်အရသာပျောက် ဖျားပြီး ချောင်းဆိုးပါတယ် ဆေးရုံသွားရင်လည်း ကူးမည်စိုးလို့ အိမ်မှာပဲအခန်းအောင်းနေပါတယ် ဆေးက ဗီတာမင်စီ D3 ဇင့် q10 တနေ့ ၂ကြိမ်စီသောက်ပါတယ် ကျွန်တော်ဘာဆက်လုပ်ရအုံးပါမလဲ ပါးစပ်အရမ်းခါးနေတာ ခံတွင်းပြန်ကောင်းအောင် ဘယ်လိုလုပ်ရပါမလဲခင်ဗျာ ဘယ်လိုနေထိုင်ရပါမလဲ ကျေးဇူးပြုပြီးလမ်းညွှန်ပေးပါဆရာခင်ဗျာ 


COVID-19 ရောဂါအတွက် FDA ကနေအတည်ပြုချက်ပေးထားတဲ့ ဆေးကုသနည်း မရှိသေးပါ။ ဆောရီး။ 


ဆေးသုတေသနတွေ တကမ္ဘာလုံးမှာလုပ်နေတယ်။ ပိုပြီး ကောင်းတာတွေ သိသိသလာတယ်။ အရင်ကပြောခဲ့တာတွေ တချို့ကို မသုံးတော့ပါ၊ ဥပမာ အမေရိကန်သမတက ငှက်ဖျားဆေးကို တွင်တွင်ပြောခဲ့တယ်။ ဆရာဝန်တွေက အတည်မပြုပါ။ သူကိုယ်တိုင်ကူးစက်ခံရတော့ အဲဒီဆေး မသောက်ပါ။


၉-၁၀-၂၀၂၀နေ့ထွက် နောက်ဆုံးလို့ ပြောနိုင်တဲ့ဆေးနည်း တချို့ရှိတယ်။

Remdesivir ခေါ် ဗိုင်းရပ်စ်ဆေး။

Dexamethasone ခေါ် ကော်တီကိုစတီရွိုက်ဆေး။

Monoclonal antibodies အင်တီဘော်ဒီဆေး။


တခြားကုသနည်းတွေ

Convalescent Plasma ပလာစမာ သွင်းပေနည်း။

Mesenchymal Stem Cells စတမ်ဆဲလ် ကုသနည်း။


အိမ်မှာသာ နေထိုင်ပါ။ 

တဦးတည်း တခန်းထဲမှာသာ နေပါ။ 

တခြားလူတွေနဲ့ ထိတွေ့ဆက်ဆံမှု မလုပ်ပါနဲ့။ 

စားလိုတာ အကုန်စားသောက်ပါ။ 

စိတ်ကို အပြုသဘောဆောင်ပါ။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး