ရွှေတပြား

ဒကာ ကြံဘက်၊ ငါ့နားရွက်ကို၊ နင် တက်ချိုးသွား၊ ရွှေတပြားနဲ့၊ ငါကားမကျေ၊ ကြံဘက်ကေ၊ နားရွက်ယူလှည့်၊ ရွှေခွာလှည့်။ (ပုံ ဦးပုည) 


တခါက ရွာတရွာနေ ဦးကြံဘက်ဆိုသူက ဘုရားရုပ်ပွားကို ရွှေတပြားကပ်လှူနေစဉ်မှာ ဆင်းတုတော်ရဲ့ နားရွက်တော်ကို ခြေထောက်နဲ့ နင်းမိသွားတော့ နားရွက်ကျိုးသွားတာကို ဦးပုညကမြင်ပြီး ဘုရားတန်ဆောင်းနံရံမှာ မီးသွေးခဲနဲ့ အဲလို ရေးထားလိုက်ပါသတဲ့။ (ကိုသိမ်းမြတ် ကျေးဇူး)


ကြံဘက်ရေ မဟုတ်ပဲ၊ ကြံဘက်ကေလို့ ရေးတာထူးခြားတယ်။ ဦးကြံဘက်က ဦးပုညနဲ့ ညီအကိုဝမ်းကွဲ တော်ပါသတဲ့။ ရွှေတပြားနဲ့ ရွှေတစ်ပြား အမျိုးမတော်ပါ။


ဒေါက်တာတင့်ဆွေ

၉-၉-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး