မူပိုင်ခွင့် ရှိသလား



ဆရာ အကြံပြုတာပါ အသုံးပြု ဖော်ပြသောပုံတိုင်းကို Credit ပေးသင့်တယ်ထင်ပါတယ် မြန်မာ လူမျိုးတွေ အတွက်က အဓိက မမြင်လွယ်ပေမဲ့ နိုင်ငံ တကာ စံနှုန်းနဲ့ယှဉ်ရင် references or credits မလုပ်တာ copyright ညိပါတယ်ရှင့် အကြံ ပြုရုံသက်သက်ပါ အရေးအသားတွေက ပြည့်စုံ ပြီး ပုံလေးတခုကြောင့် အရသာ ပျက်သွားမှာ စိုးလို့ပါ


ပုံပေါင်း တသောင်းလောက် သုံးထားတယ်။ ဂူဂယ်က အလွယ်ရတာတွေ များတယ်။ အခုထိတော့ တရားစွဲမခံရသေး။ 

တခါက မိတ်ဆွေဆရာဝန်တယောက်က ဆိုင်မှာဘီယာသောက်နေကြတဲ့ ဗမာအမျိုးသမီး ၂ ယောက်ပုံပို့လို့ အရက်အကြောင်းစာမှာ သုံးတယ်။ ပုံထဲကတယောက်ကနေ ရန်ထောင်ပြီး တရားစွဲမယ်ဆိုလို့ ဖျက်ပေးလိုက်တယ်။ အဲဒီပုံ ဂူဂယ်မှာ အခုလည်းရှိတယ်။ 


ဟိုတနှစ် သင်္ကြန်မှာ ဗမာအမျိုးသမီး ၃ ယောက် သောက်စရာခွက်ကိုယ်စီနဲ့ လူတွေအများကြီးကြားမှာပုံ။ ဂူဂယ်လ်ကနေတွေ့လို့ အရက်အကြောင်းစာမှာပဲ ယူသုံးတယ်။ ပုံထဲကတယောက်က သူ့ပုံဖြစ်ပါတယ်။ ဖျက်ပေးစေချင်ပါတယ်လို့ ယဉ်ယဉ်ကျေးကျေးပြောတာ ချက်ချင်းဖြုတ်ပေးလိုက်တယ်။ အဲဒီပုံလည်း ဂူဂယ်မှာ အခုလည်းရှိတယ်။


ပန်းချီနဲ့ ကာတွန်းပုံတွေမှာ ပညာရှင်အမည်ပါပြီးသာဖြစ်တယ်။ တချို့ သတ်ပုံအကိုးအကားစာတွေပို့ပေးကြတာကို ကျေးဇူးစကား အမြဲထည့်ရေးတယ်။ 


ခရက်ဒစ်သာ ပြောနေကြတယ်။ မူပိုင်ခွင့်ကို မပြောကြပါ။ မလိုက်နာကြပါ။ ထုတ်ဝေသူတွေကိုယ်တိုင်က မူရင်းစာတွေကို သတ်ပုံပြင်ထုတ်ဝေရောင်းစားနေကြတယ်။ တထောင့်တညကို ပြင်တယ်။ တသက်တာမှတ်တမ်းကို ပြင်တယ်။ နွေတည ပြင်တယ်။ အများကြီး အများကြီး။ တချို့က ကလောင်အမည်ကိုပါ စသတ်ထည့်သေးတယ်။ ဘယ်သူကမှ မပြော။ ဝယ်ယူအားပေးတော်မူကြတယ်။ 


မြန်မာပြည်ကပုံတွေကို အလွန်ကိုသုံးချင်ပေမဲ့ မသုံးပါ။ လိုချင်တဲ့အခါ အမျိုးတွေကို လှမ်းပြီး ပုံရိုက်ပေးခိုင်းရတယ်။ သူတို့က ခရက်ဒစ်စကား မပြောကြပါ။


ဒေါက်တာတင့်ဆွေ

၁၈-၉-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး