Coronavirus Vaccine Leader ကရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိပ်ဆုံးက ဘယ်သူလဲ

၁၇-၉-၂၀၂၀ နေ့က သတင်း။ အမေရိကန်သမတက ပြောတာမဟုတ်။ ထိပ်တန်းဆေးညာရှင်က ပြောတာမဟုတ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောတာမဟုတ်။ ဘီလ်ဂိတ်က ပြောတာ။ 


ဂိတ်ဆိုတာ ဘီလီယန်နာ၊ အလွန်ရက်ရက်ရောရာလှူဒါန်းနေတဲ့ ၂၀၀၀ ခုနှစ်မှာ တည်ထောင်ထားတဲ့ ဂိတ်ဖေါင်ဒေးရှင်း ပိုင်ရှင်။ ဆင်းရဲတဲ့သူတွေ လက်လှမ်းမီစေနိုင်အောင် ကာကွယ်ဆေးတွေ ဆေးဝါးတွေ လှူနေသူ။ ကရိုနာဗိုင်းရပ်စ်ရောဂါ စဖြစ်ကတည်းက ကာကွယ်ဆေး၊ ကူးစပ်မှုစမ်းသပ်နည်းနဲ့ ဆေးဝါးသုတေသနတွေကို အများကြီးထောက်ပံ့ပေးနေတယ်။ 


မကြာသေးခင်က CNBC အင်တာဗျူးမှာ လာမဲ့ နိုဝင်္ဘာမှာ ကရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အဆင်သင့် ဖြစ်နိုင်လောက်ပြီတဲ့။ ကာကွယ်ဆေး ထိပ်ဆုံးက ဘယ်သူလဲ မေးလို့ ဖြေတယ်။ Pfizer ကုမ္ပဏီတဲ့။


ဒေါ်နယ်ထရမ့်က ရွေးကောက်ပွဲနေ့ ၃-၁၁-၂၀၂၀ နေ့မှာ ကာကွယ်ဆေးထွက်မယ်ဆိုတာကို ဘီဂိတ်က သဘောမတူပါ။ မထွက်နိုင်သေးပါတဲ့။ ဘယ်ကာကွယ်ဆေးမှ အောက်တိုဘာလကုန်မှာ မထွက်သေးပါတဲ့။ 


ဂိတ် ဆက်ပြောတာက ကာကွယ်ဆေး (၂) ခု သို့မဟုတ် (၃) ခုကနေ FDA ကို Emergency Use Authorization (EUA) လျှောက်ထားစရာအကြောင်းရှိတယ်။ အဲဒါက ဒီဇင်္ဘာနဲ့ နောက်နှစ် ဇန္နဝါရီလထဲမှာသာ ဖြစ်မယ်။ Pfizer က ဦးဆုံးရရှိသူ ဖြစ်နိုင်တယ်။ 


Pfizer ကုမ္ပဏီဆိုတာ နယူးယောက်မှာ ဌာနချုပ်ထားတယ်။ ၁၈၄၉ ခုနှစ်ကတည်းက ဂျာမန်-အမေရိကန်လူမျိုး Charles Pfizer ချားလ်စ်ဖိုင်ဇာက တည်ထောင်တယ်။ အဲဒီအချိန်က မြန်မာပြည်မှာ ပဌမ အင်္ဂလိပ်-မြန်မာ စစ်နဲ့ ဒုတိယအ င်္ဂလိပ်-မြန်မာစစ် ကြားကာလမှာဖြစ်ပါတယ်။


ဒေါက်တာတင့်ဆွေ

၂၀-၉-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး