ကျုပ်တို့တတွေ
သတ်ပုံကိုပါ တင်ပြပါတယ်။
ရှစ်လေးလုံးတွေလား ဒီမိုတွေလား မမှတ်မိ နှစ်ပတ်လည်အစည်းအဝေးဖိတ်တာ တို့တစ်တွေ တဲ့။
သူတို့တစ်တွေ ကလောင်အမည် - မဟာဝိဇ္ဇာ တဲ့။
ပို့စ်တခုက ဟိုတုန်းက တို့တစ်တွေ သိပ်ချစ်ကြသလေ တဲ့။
တို့တစ်တွေမြူးမယ် တက္ကသိုလ်အေးမောင် တဲ့။
တို့တစ်တွေ ချစ်မိတ်ဆွေ ဆရာလင်းသုတ တဲ့။
ရှင်ခြင်း သေခြင်းကြားက ကျွန်မတို့တစ်တွေ ဒေါက်တာမတင်ဝင်း တဲ့။
တတွေ နဲ့ တစ်တွေ အတော်ကို မတူပါ။ တစ်တွေဆိုတာ အဆင့်တစ် သို့မဟုတ် ပဌမရတဲ့သူတွေကို ဆိုလိုတယ်။
ဒေါက်တာတင့်ဆွေ
၂-၉-၂ဝ၂၀

Comments
Post a Comment