Konjac Pasta ဝဥခေါက်ဆွဲ

ဆရာ မင်္ဂလာပါ ခင်ဗျ ကျနော် အသက် ၂၂ နှစ်ပါ ယောကျာင်္းလေး (ယောက်ျားလေး) လူပျိုပါ မြန်မာလို ဝဥ ခေါက်ဆွဲ ခေါ် konjac pasta အကြောင်းသိချင်လို့ပါဆရာ


Konjac ကို ဝဥလို့ခေါ်တယ်။ Low-cal konjac pasta ကယ်လိုရီနည်းသော ဝဥခေါက်တဆွဲလို့ ကြော်ငြာတယ်။


၁၉၈၈ ခုနှစ်ဦးပိုင်း မဆလ တပါတီစနစ်ပြုတ်ကျခါနီး မြန်မာတပြည်လုံး ဆန်ရှားတယ်။ တကယ်တော့ အစစအရာရာ ရှားတယ်။ စားဝတ်နေရေးမှာ စားစရာရှားတာက အဆိုးဆုံး။ စားစရာမှန်သမျှထဲမှာ ဆန်ရှားတာထက်ဆိုးတာ မရှိ။ ကျွန်တော် မြို့နယ်ဆရာဝန်လုပ်နေတဲ့ ပုလဲမြို့မှာလည်း ဆန်ရှားတယ်။ ဂျုံစိုက်တဲ့ဒေသ ဖြစ်လို့ ဂျုံကို ထန်းလျက်၊ သကြားနဲ့ကျိုပြီး ဂျုံယိုစတုဒိသာလုပ်ကြရတယ်။ ပုလဲမြို့နယ်အနောက်ဘက်မှာ တောင်ပေါ်ဒေသရှိတယ်။ အဲဒီကနေ ဝဥတွေလာရောင်းကြတယ်။ ဖြူဖြူဖွေးဖွေး ဥအကြီးကြီးတွေ။ ဂုံနီအိတ်တွေနဲ့ လာတယ်။ မလုပ်တတ် မပြုတ်တတ်ရင် အဆိပ်ဖြစ်တယ်။ ဆေးရုံမှာ ကုသပေးရတယ်။ 


မကြာခင် တပါတီစနစ် ပြုတ်ကျသွားတယ်။ တပါတီမျိုးဆက်တွေ ဆက်လာတယ်။ အလိုတော်ရိတွေက ချမ်းသာကြတယ်။ ထပ်ချမ်းသာချင်ကြတော့ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ကြတယ်။ မဲပေးချင်သူတွေကလည်း ရှိတယ်။ သူတို့က ဝဥရာဇဝင်ကို မသိသူတွေ။


ဝဗိုလ်လောင်းသင်တန်းဆင်းပွဲသတင်း ထွက်တယ်။ သူတို့က ဝအစစ်တွေ။ တရုပ်တွေကို ဝလို့ခေါ်ကြတယ်။ ဝဥသမိုင်း ကြီးမားတယ်။ ဘိုးဘိုးအောင်ဆိုတာ ဝတလုံးကနေ ဝသုံးလုံးဖြစ်စေနိုင်သတဲ့။


ဒေါက်တာတင့်ဆွေ

၁၄-၉-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး