ကိုယ့်ကိုယ်ကို


ကိုယ့်ကိုယ်ကိုယ်

မမှန်

အမှန်ပါ ဆရာကြီးဦးခင်အေး ရှင်းထားပါတယ်။

မှား လွဲ

ကိုယ့်ကိုယ်ကို နဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်ဟာအမှန်လဲဆရာ

ဘာလို့ ပြန်မေးသလဲ

သေချာမသိလို့ပါရှင့်

မိမိကိုယ်မိမိ ဆိုတဲ့သဘောမျိုး ရေးချင်ရင်တော့ ကိုယ့်ကိုယ်ကိုယ် လို့ ရေးရမယ်ထင်တယ်။ သူ့ကို ပြောပေးပါ။ ကိုယ့်ကို မပြောပါနဲ့။ သူ့ကိုယ်သူ မှန်သည်ဟု ထင်နေ၏။ ကိုယ့်ကိုယ်ကိုယ် မှားသည်ဟု မထင်ပါ။ ဆိုလိုတာက ကို ဆိုတာ အညွှန်းပြပုဒ် ဖြစ်လို့ ကိုယ့်ကိုယ်ကို ကသင့်မယ်လို့ထင်တာပါ။ အများစုက ကိုယ့်ကိုယ်ကိုယ် လို့သာရေးပါတယ်။ ကျေးဇူးပါ။

နင့်ကို ငါ့ကို သူ့ကို ကိုယ့်ကိုယ်ကို အများစုရေးလို့ လိုက်ရေးစရာမလိုပါ။ ကျွန်တော်လည်း မမှန်ခဲ့ပါ။ အခုထိလည်း မှန်လား မှားလား မသိပါ။ ဆရာမောင်ခင်မင်(ဓနုဖြူ)ရဲ့ ရှင်းပြချက်ကို နှစ်သက်မိ၍သာ လိုက်ရေးပါသည်။ https://www.facebook.com/groups/410766139274726/permalink/533975140287158/ ကျေးဇူးပါခင်ဗျာ


ပြန်ရှင်းပါဦးမယ်။ 


ကို = ကံဝိဘတ်

သူ့ကို စာအုပ်ပေးလိုက်ပါ။ သူ့ကို၊ ငါ့ကို၊ မင့်ကို၊ သူမကို၊ မောင်ဘကို၊ သူများကို၊ သူတို့ကို၊ တယောက်စီကို၊ ကိုယ့်ခန္ဓာကိုယ်ကို၊ မိမိကိုယ်ကို၊ ကိုယ့်ကိုယ်ကိုအားကိုပါ၊ ကိုယ့်အသက်ကိုသတ်ခြင်း၊ သူတပါးအသက်ကိုသတ်ခြင်း၊ ကိုယ့်ကိုယ်ကိုသတ်ခြင်း။


အတ္တာဟိ အတ္တနော နာထော အနက်အဓိပ္ပာယ်

မိမိကိုယ်သာ မိမိ ကိုးကွယ်ရာဖြစ်၏။ (အတ္တာဟိ = မိမိကိုယ်သာ၊ အတ္တနော = မိမိ၏၊ နာထော = ကိုးကွယ်ရာ ဖြစ်၏။)

အတ္တကထ = မိမိသည်ပြုအပ်သည်။

အတ္တကိလမထ = ကိုယ်၏ပင်ပန်းခြင်း။

အတ္တဂရဟီ = မိမိကိုယ်ကို ကဲ့ရဲ့တတ်သည်။

အတ္တဃည = ကိုယ်ကိုသတ်ခြင်း။

အတ္တဃာတ = ကိုယ်ကိုသတ်ခြင်း။ မိမိကိုယ်ကိုသတ်သောသူ။

အတ္တညူ = မိမိကိုယ်ကိုသိသည်။

အတ္တဒန္တ = မိမိကိုယ်ကို ဆုံးမအပ်သည်။

အတ္တဒိဋ္ဌ= ကိုယ်ကိုစွဲသောအယူ။


ကိုယ့်ကိုယ်ကို သနားရင် ဝိပဿနာအလုပ်လုပ်ပါ (မိုးကုတ်ဆရာတော်ကြီး)


ကျွန်တော် ကျောင်းသားကတည်းက ကိုယ့်ကိုယ်ကိုလို့ ရေးပါတယ်။ ဆရာဝန်ဖြစ်တော့ ကိုယ့်ကိုယ်ကို သတ်သေတဲ့ မှုခင်းတွေကို ရင်ခွဲစစ်ဆေးခဲ့ရတယ်။ ဆောရီး။


ကိုယ့်ကိုယ်ကိုယ်လို့ရေးတာ မမှန်ပါ။ လွဲတယ်။ အမှန်ကို ပြင်စေချင်တယ်။ 


ဒေါက်တာတင့်ဆွေ

၁-၉-၂၀၂၀


Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး