ဆရာတင်မိုး ခင်ဗျား

ကွန်မင့်တခုရတယ်။ ဆရာတင်မိုးရဲ့ ကဗျာ ပေါင်း ချုပ် ကတော့ ၀ီကိပီးဒီးယားမှာ တစ် တွေဖြစ်ကုန်ပြီ တဲ့။


စာအုပ်ထွက်ကတည်းက သားတယောက်က မြန်မာပြည်ကနေရမှာယူထားတာရှိတယ်။ ၆ နှစ်ကျော်ပြီ။ ကျွန်တော်က အကိုးအကားအဖြစ် တပုဒ်တလေကိုမှ မသုံးပါ။ သတ်ပုံတွေကို တကူးတက တမင်တကာ မှန်နေတာကို မှားအောင် လွဲအောင် အချိန် ငွေ လူတွေ အကုန်အကျခံ ဝါယမစိုက်ထုတ်ပြီး ထုတ်ဝေရောင်းစားထားတာသာဖြစ်တယ်။


မူရင်းကဗျာတွေပါတဲ့ ပုဂံကျောင်းကခေါင်းလောင်းသံနဲ့ ဖန်မီးအိမ်ကဗျာများကိုသာ ကိုးကားတယ်။


နာမည်ဖျက်သူများခေတ် ကုန်ဆုံးပါစေ။ အသေရေဖျက်သူများခေတ် ကုန်ဆုံးပါစေ။ သတ်ပုံပြင်သူများခေတ် ကုန်ဆုံးပါစေသတည်း။


ဒေါက်တာတင့်ဆွေ

၁၀-၉-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး