စာကိုဖတ်က လူကိုသိ၏
စာ နဲ့ စကား။ တလုံးစီမှာ အသုံးမတူတာတွေရှိ။ စကားပြောသလို စာရေးနည်းမှာ လေသံ မတူတာရှိ။ အဆုံးမှာ တယ်၊ ကွ၊ ဗျ၊ ရှင့်၊ ဟေ့ စသည် သုံးရ။
ဟုတ်ကဲ့ဆရာ ကျေးဇူးပါခင်ဗျ ကျွန်တော် စာရေးလေ့ကျင့်နေတာပါ။
စား။
စားချင်တယ်။
စားစမ်း။
စားပါကွ။
စားပါရှင့်။
စားမလား။
စားမနေနဲ့။
စားတော့။
စားလေ။
စားနှင့်။
ပန်းပန်လျက်ဘဲ။
ကြွပါဘုရာ့။
ကြွတော့မည်။
ကြွတော်မူသည်။
မစွမ်းသာ။
မလွမ်းသာပြီ။
မလာနဲ့ဦး။
မသွားနဲ့။
ဖြစ်စေသောဝ်။
ဖြစ်လေသည်တမုံ့။
လာပါပြီခင်ဗျာ။
လာပါပြီရှင့်။
လာပါစေ။
လာကြကုန်လော့။
လာကြဟေ့။
လာပြီဗျ။
လာလတံ့။
လာလော့။
လိုက်ခဲ့ပါ။
လိုက်ခဲ့မည်။
လိုက်ကြမလားဟေ့။
လိုက်မလား။
လိုက်မဲ့မယ်။
သုံးဆောင်ကြပါ။
သွား။
သွားစမ်း။
သွားကြ၏။
သွားကြကုန်လော့။
သွားကြပြီ။
သွားကြသည်။
သွားကြလေသတည်း။
သွားတော့။
သွားနှင့်ပြီတော့။
သွားနှင့်တော့။
ဟူသတတ်။
ရှိသေးတယ်။ စကားဆိုတာ ရိုးရိုး၊ အတည်၊ ရယ်စရာ၊ စိတ်ဆိုး၊ အမိန့်ပေး၊ စေခိုင်း၊ ဒေါသ၊ ရိုင်းရိုင်းစိုင်းစိုင်း စသဖြင့် ပြောဆိုကြတယ်။ စာရေးတဲ့အခါလည်း အဲလိုပဲ။
ပို့စ်တင်သူတွေ၊ မေးခွန်းမေးသူတွေ၊ ကွန်မင့်တွေကို ဖတ်တာနဲ့ စာရေးသူတွေရဲ့ ယဉ်ကျေးမှုအဆင့်၊ စိတ်လှုပ်ရှားမှု၊ စာတတ်မြောက်မှု စတာတွေကို ခန့်မှန်းလို့ရနိုင်တယ်။ အခုရေးနေသူလည်း ပါတယ်။
ဒေါက်တာတင့်ဆွေ
၇-၉-၂၀၂၀
Comments
Post a Comment