The Hen that laid Golden Eggs နိုင်ငံရေး မေးခွန်းတခု

ကြံ့ခိုင်ရေးနဲ့ ပတ်သက်ပြီး မရှင်းတာတာ သိချင်တာလေးတွေရှိတယ်။ အသင်းကနေ ပါတီအဖြစ်ပြောင်းတော့ အသင်းဝင်တွေ အားလုံး သူတို့ ပြောတဲ့ စာရင်းအရ ၂၄ သန်းရဲ့ ဆန္ဒတွေနဲ့ ပြောင်းခဲ့တာလား။ အသင်းကနေ ပါတီပြောင်းတော့ ၂ သန်းကျော် ပါလာတယ်လို့ စာရင်းတွေကဆိုတယ်။ အဲ့ဒါ ဘယ်တုန်းက ပြောထားတာလဲ ကိုးကားလေး ရှိရင် အလင်းပြပါ။ အသင်းကနေ ပါတီပြောင်းတဲ့အခါ နိုင်ငံတော်ကပေးထားတဲ့ အသင်းပိုင် ပစ္စည်းတွေနဲ့ ငွေစာရင်းတွေကို ဘယ်လိုမျိုး တရားဝင် ပြောင်းရွှေ့ခဲ့တာလဲ။ ဦးနေဝင်းလက်ထက်က ကြံ့ခိုင်ရေးအသင်းနဲ့ ဦးသန်းရွှေ လက်ထက်ကြံ့ခိုင်ရေးအသင်း ဒီနှစ်ခုက ဆက်စပ်မှုရှိသလား။


သုတေသနလို မဟုတ်ပဲ အမြန်ဖြေပါရစေ။ ဦးနေဝင်းလက်ထက်မှာ ကြံ့ခိုင်ရေးအသင်းမရှိပါ။ မဆလ ပါတီသာရှိတယ်။ ၁၉၈၈ မှာ စစ်တပ်က အာဏာသိမ်းတော့ မဆလ ပါတီက ဗဟိုဘဏ်ကနေ ငွေတွေအများကြီး ထုတ်ယူတဲ့သတင်း ထွက်တယ်။ သိန်း ၅၀၀ ထင်တယ်။ အဲဒီကာလ ကျပ်ငွေတန်ဖိုးက အခုလောက်မဆိုးသေး။ မှတ်မိသလောက် ရွှေဈေး တကျပ်သား ကျပ်တသောင်း။ သိန်း ၅၀၀ ဆိုတော့ ရွှေ ၅၀၀၀ ကျပ်သား သို့မဟုတ် ၅ ပိဿာ။


မဆလ ပါတီပိုင် ရုံးတွေ မြေတွေ အကုန် တစညက ဆက်ခံတယ်။ မသိနိုင်တာတွေလည်း ရှိတယ်။


ကြံ့ခိုင်ရေး အသင်းသားဦးရေက သတင်းတွေထဲပါတာသာ သိရတာ။


တစည နဲ့ ပြည်ခိုင်ဖြိုး ဆက်စပ်မှု မရှိ။ ဖေးမမှုတော့ ရှိတယ်။ ဗခကနေဝင်းဟာ ဗခမက သန်းရွှေလက်ထက် လူ ၅ ယောက်နဲ့ အသုဘချရတယ်။ 


နောက်အဖွဲ့ နောက်လူ နောက်လုပ်ရပ်တွေက အဆပေါင်းများစွာဆိုးတယ်။ ရွှေ ၅ ပိဿာလောက်ကတော့ သာမန် ဗိုလ်ချုပ်တယောက်အတွက်သာ။ 


ပြည်ခိုင်ဖြိုးလည်း ဒီရွေးကောက်ပွဲကိုကြည့်ပြီး ဆက်တည်ဦးမလား၊ မဆလ-တစည လို့ လုံးပါးပါးမလား။ စစ်တပ်အတွက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံဆိုတဲ့ တနေ့ ရွှေတပိဿာဥတဲ့ ကြက်မကြီး မွေးထားပြီးပြီ။


ဒေါက်တာတင့်ဆွေ

၃၀-၉-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး