ပန်းတိုင်းပွင့်ပါစေ

မြတ်လေးရေးတဲ့ ပန်းတိုင်းပွင့်ပါစေသီချင်း ဆင်ဆာထိခဲ့တယ်။ တို့စိုက်သောပန်းတွေ တို့တတွေ ပန်ဆင်ဖို့ပဲလေရဲ့ ပြောင်းပြန်ကို ရေးခဲ့တာပါ။


ခေတ်ဟောင်းကိုဖြို ခေတ်သစ်ကိုတော့ တို့ကြိုနေ စံနစ်ဟောင်းကိုမလို စံနစ်သစ်ကို တို့တတွေလိုပါသလေ တောင်ရိုး တောင်ခုတ် လုပ်သားပြည်သူ ဘ၀တူ ဥယျာဉ်မှုးတွေ


ညီညွတ်ရေး မီးရှုးတန်ဆောင် ထွန်းညှိရအောင်လေ တို့များတတွေ ဟေ့ တို့များတတွေ တူကိုင်သောလက်နဲ့ တံစဉ်ကိုင်သောလက်တွေ ပေါင်းယှက်ပေးဖို့လေ တို့ကြွေးကြော်မလေ

ပန်းတိုင်းပွင့်ပါစေ ပန်းတိုင်းပွင့်ပါစေ ပန်းတိုင်းပွင့်ပါစေ


အို သည်တိမ်နဲ့ သည်မြေတွေ မတွေ့ ဆုံရင်လည်း ရှိစေတော့လေ မညီညာမပြေပြစ်သော တောင်ကုန်းတောင်တန်း မော်ရှမ်းတို့ပြည် တပြေးတည်းရှိရန်လေ ထွန်ကြစိုက်ကြ ခုတ်ထွင် ရှင်းလင်းကြရမယ်လေ တို့ စိုက်သောပန်းတွေ တို့တတွေ ပန်ဆင်ဖို့ ပဲလေ။


ခူးစကချွေ ပဒေသရာ ဗျာကေ၀ိုက် ငိုက်ငိုက်ကလေးနေ အော် ဖူးသည့်ပန်းများ ပွင့်ရစေသား အခါခါပေ

ပန်းတိုင်းပွင့်သစ်ကြမယ့်အခြေ တို့မျှော်နေ ပန်းတိုင်းပွင့်ပါစေ ပန်းပန်းတိုင်းပွင့်ပါစေ


လိမ္မော် ချယ်ရီ စတော်ဘယ်ရီ မာလကာ ခတ္တာ ဇီဇ၀ါ သရဖီ ဒေလီယာ သဇင် အင်ကြင်း ပင်မင်းမဉ္ဖူ

အိုပြည်သူတွေ အိုပြည်သူတွေ အိုပြည်သူတွေ မညှိုးနွမ်းရဘူးလေ ဟေးဟေးဟေးဟေ

သည်ရေပင်လယ် သမုဒ္ဒရာ သည်မြောင်း သည်ချောင်း သည်စိမ့်စမ်း ကုန်ခမ်းတော့လည်းမသွေ တို့များချွေးရည်တွေနဲ့ဆောင်း စုပေါင်းသွန်းလောင်းပေးမယ်လေ ပန်းတိုင်းပွင့်ကြမယ်လေ ဟေ ဟေ ဟေ။   ။


စစ်အစိုးရရဲ့ ဆင်ဆာအဖွဲ့ကနေ စာပေနဲ့ အနုပညာနယ်ပယ်ကြီးကို ဖြတ်တောက် ပိတ်ပင်ခဲ့တယ်။ စစ်အစိုးရရဲ့ ပညာရေးမူဝါဒဟာ ပညာတတ်တွေ နည်းစေရေး၊ အလွဲအမှားတွေ သင်ကြားပေးရေးဖြစ်တယ်။ သမိုင်းကိုပါ ဖျောက်ဖျက် ပြုပြင်ခဲ့တယ်။ သမိုင်းသင်လိုသူ မရှိသလောက် နည်းလာပြီး သမိုင်းမှန်သိသူ ရှားကုန်ပြီ။ 


နှစ် ၃၀ က စစ်အစိုးရစိုက်ခဲ့တဲ့ အသီးအပွင့်တွေ ကနေ့ သူတို့ခံစားနေကြရပြီ။ သူတို့နောက်မှာ ပါတီ ၃၀ ကျော် ရှိတယ်။ သူတို့လည်း စံစားချင်ကြသူတွေ။ သမိုင်းမှန်သိသူ ရှားလာတော့ မဲနည်းနည်းတော့ ရနိုင်ကြတယ်။ နှစ် ၃၀ ကစိုက်ခဲ့တဲ့ အသီးအပွင့်တွေ သူတို့ခံစားနေကြရပြီ။


ပန်းတိုင်းပွင့်ပါစေ (မြတ်လေး) https://www.facebook.com/watch/?v=1058097484355856


သည်တိမ်နဲ့ သည်မြေတွေ မတွေ့ ဆုံရင်လည်း ရှိစေတော့လေ 


ဒေါက်တာတင့်ဆွေ

၁၈-၉-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး