ဆွတ်

၁။ ဆွတ်ဆိုတဲ့ အညာဒေသအသုံးအနှုံးလေးဆရာ


၂။ ဆွတ်ဆိုတာကိုတော့ ဗမာစကား၊ဗမာဝေါဟာရမှာ မတွေ့မိပါဘူး။ ဆွတ်ဆိုတာ ရခိုင်စကား၊ရခိုင်ဝေါဟာရထဲက အဓိပ္ပါယ်ပါ။ ဗမာလို အသီးခူးတာကို ရခိုင်စကားဖြင့်ပြောရင် ဆွတ်တေလို့ပြောပါတယ်။ ဗမာ ခူး၊ ရခိုင် ဆွတ်။


မြန်မာစာထဲမှာ ဆွတ်စာလုံး မခိုင်အမာ ရှိပါတယ်။ သီချင်းထဲမှာလည်းရှိတယ်။ ပပ၀င်းဝင်းသီချင်း ပြည်လှဖေဆိုတာ။


ပပဝင်းဝင်း

တေးရေး - စိန်ဝေလျှံ


ဆွတ်ချူရန်ခက်ပါရဲ့ မျက်ပါနဲ့သက်လှယ် အုံ့ပုန်းမောင် မျက်နှာငယ်မှာ အကွက်မလည်နိုင်သေး ရွှေငုံးမင်း အမြီးမျှော်သလို ရွှေငုံးမင်း အမြီးမျှော်သလို ခရီးတော် နီးလျက်နဲ့ဝေးဝေး


ဘယ်သောခါမှကွယ် တူနှစ်ကိုယ်နီးရပါမယ် မောင်ကြံရွယ် နတ်ပန်းထက်ပင် ခူးရခက်သေးတယ် သြော် ဝင်းဝင်းပပ လှတဲ့ ခင်နှမရယ်


မောင့်အသည်းဝယ် အမြဲပဲ စွဲလန်းမိတော့တယ် တူမောင်မယ်နီးဖို့ကွယ် ခင်နှမရယ် ခက်သေးတယ် အမြင်မှာ နီးလျက်နဲ့ ခရီးကဝေးလှတယ် မိဘမောင်ဘွား အကိုတွေကြားဝယ် ယက္ခကုမ္ဘဏ် ဝန်းရံပတ်လို့ စောင့်ကြပ်တဲ့ နတ်ပန်း အာသာဝတီနွယ်


မောင့်အသည်းမှာ အမြဲပဲစွဲကာရယ် ခင်နဲ့မောင်နီးဖို့ ခက်ပါတယ် ခင်ပျိုဖြူ သူဇာအလှရယ် မူယာကကြွယ် မြင်သူတိုင်းပဲ စွဲလမ်းဖွယ် မျှော်နေသူ ချူရန်ခက်လှတယ်


မောင့်အသည်းမှာ အမြဲပဲစွဲကာရယ် ခင်နဲ့မောင်နီးဖို့ ခက်ပါတယ် ခင်ပျိုဖြူ သူဇာအလှရယ် မူယာကကြွယ် မြင်သူတိုင်းပဲ စွဲလမ်းဖွယ် မျှော်နေသူ ချူရန်ခက်လှတယ်


သဉ္ဖာလီဆောင်ခန်းလယ် မောင်တမှေးစက်ရာဝယ် ခင့်မျက်နှာကလေးကို တရေးရေး မြင်မိတယ် မှန်းဆလို့အမြဲပဲကွယ် တမ်းတကာ လွမ်းမိတယ် အိမ်မက်ထဲမှာပဲ တွေ့ရတော့တယ်


လှတမျက်နှာ ယဉ်တကိုယ်လုံး သိမ်းကျုံးလို့ မောင်ဖက်ထားချင်တယ် ဘယ်ဆုကိုယူ ဘယ်ဆုတောင်းလို့ရယ် ဘယ်ဆုကိုယူ ဘယ်ဆုတောင်းလို့ရယ် မြင်မြင်သမျှ ဘဝင်ကြွအောင်လှတဲ့ နှမပျိုရယ်


ချစ်ဖူးလေးကိုခူးချင်ပါလှတယ် ခူးရန်ခက်သေးတယ် မိဘမောင်ဘွား အစ်ကိုတွေကြားဝယ် ယက္ခကုမ္ဘဏ် ဝန်းရံပတ်လို့ရယ် စောင့်ကြပ်တဲ့ နတ်ပန်း အာသာဝတီနွယ်


မောင့်အသည်းမှာ အမြဲပဲစွဲကာရယ် ခင်နဲ့မောင်နီးဖို့ ခက်ပါတယ် ခင်ပျိုဖြူ သူဇာအလှရယ် မူယာကကြွယ် မြင်သူတိုင်းပဲ စွဲလမ်းဖွယ် မျှော်နေသူ ချူရန်ခက်လှတယ်


ပပဝင်းဝင်း စိန်ဝေလျှံ https://www.youtube.com/watch?v=196ZDwxczAI


ဒေါက်တာတင့်ဆွေ

၁၁-၉-၂၀၂၀


Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ