ဤမြေကြီး

လူတို့စားဖို့

စပါးစိုက်ခင်း ဤလယ်ကွင်းကား

ဝင်းဝင်းလှည့်ဝါ မြတ်သြဇာကို

ကမ္ဘာသို့ပေး သူလုပ်ကျွေးလည်း

ကျေးဇူးတုံ့ကို မတောင်းဆိုတည့်။

လူတို့သွားဖို့

အလျားမှောက်ခင်း လမ်းကောက်စင်းကား

ဆင်မြင်းယာဉ်သာ စီးနင်းရာကို

ကမ္ဘာသို့ပေး သူလုပ်ကျွေးလည်း

ကျေးဇူးတုံ့ကို မတောင်းဆိုတည့်။

ကျေးဇူးမဆို ဂုဏ်မလိုသည်

ကြည်ညိုဖွယ်ခင်း ဤလယ်ကွင်း။

ကျေးဇူးမမျှော် ဂုဏ်မဖော်သည်

တော်ပါဘိခြင်း ဤလယ်ကွင်း။ (မင်းသုဝဏ်)


ကျွန်တော် တခါကတွေးပြီး ရေးဖူးတယ်။ လမ်းဘေးသောက်ရေအိုးစင်မှာ ကျေးဇူးတင်လွှာ ရေးစရာ ဝှိုက်ဘုတ်မရှိလို့။ အဲလိုမတွေးမီက နေမကောင်းလို့ မေးတာတွေ တရာမှာ တယောက်လောကသာ သက်သာပြီလို့ ပြန်ပြောတာကို အလိုမကျဖြစ်လို့ ကိုယ့်ကိုယ်ကို ဆုံးမရပါတယ်။


ကျွန်ုပ်သည်ကား မင်းသုဝဏ်ကဗျာထဲကလို အလျားမှောက်ခင်း လမ်းကောက်စင်းလို သဘောမထားတတ်သူပါတကား။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်