Vasovagal syncope သွေးမြင်မူးခြင်း

ဆရာခင်ဗျ ကျွန်တော်က အသက် ၂၁ ပါ သွေးမြင်ရင် မူးပါတယ် တခါတလေ သတိမေ့မေ့သွားပါတယ်ခင်ဗျ အဲ့ဒါ ဘာရောဂါပါလဲဗျ ဘယ်လိုကုသရမလဲခင်ဗျ 


Vasovagal syncope သွေးမြင်မူးခြင်းလို့ ခေါ်တယ်။ Neurocardiogenic syncope လို့လည်းခေါ်တယ်။ ကိုယ်ခန္ဓာက လိုတာထက်ပိုပြီး တုန့်ပြန်မှုတွေလုပ်လို့ဖြစ်တယ်။ စိတ်ပညာရှင်တွေအလိုအရ blood-injury phobia သွေးကြောက်စိတ် ဖြစ်တယ်။


ဖြစ်စေတတ်တဲ့အကြောင်းခံများ

• Standing for long periods of time တသမတ်ထည်းကြာရှည်ရပ်နေရခြင်း

• Heat exposure အပူထဲနေထိုင်ရခြင်း

• Seeing blood သွေးမြင်ခြင်း

• Having blood drawn သွေးထုတ်ယူနေစဉ်ဖြစ်ခြင်း

• Fear of bodily injury ထိခိုက်မှုဖြစ်လာမှာကို အစိုးရိမ်ကြီးခြင်း


Symptoms လက္ခဏာများ

• Pale skin အသားအရေဖြူဖတ်ဖြူရော်ဖြစ်

• Lightheadedness ခေါင်းထဲပေါ့ပါး

• Tunnel vision မျက်စိအမြင်ကျဉ်းခြင်း

• Nausea ပျို့

• Feeling warm ပူနွေးလာခြင်း

• Clammy sweat ချွေးပြန်

• Yawning သန်းဝေ

• Blurred vision အမြင်ဝေဝါးခြင်း

• Jerky, abnormal movements ဗိုက်ထဲလှုပ်ရှားလာခြင်း

• Weak pulse လက်ကောက်ဝတ်သွေးခုန်မှု အားနည်း နှေးလာခြင်း

• Dilated pupils သူငယ်အိမ်ကျယ်လာခြင်း


ကုသနည်းကို လင့်မှာဖတ်ပါရန်။


Fainting မူးမေ့ခြင်း https://doctortintswe.blogspot.com/2019/01/fainting.html


တခါတလေရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။

 

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး