Coronavirus Spreading ကရိုနာဗိုင်းရပ်စ်ရောဂါ ဘယ်လိုကူးစက်သလဲ

မင်္ဂလာပါ ဆရာရှင့် ကိုဗစ်က ဆေးလိပ်ငွေ့ကနေ ကူးတတ်လား သိချင်ပါတယ်ရှင့်


ကရိုနာဗိုင်းရပ်စ်ရောဂါစာတွေ ရေးတင်နေတာ ကြာလှ များလှပြီ။ ဘယ်လိုနည်းနဲ့ကူးစက်သလဲကို အရင်ဆုံးတင်တယ်။ ၉ လကျော်ပြီ။ ထပ်ထပ်လည်း တင်တယ်။ မဟုတ်တဲ့နည်းလမ်း တခုစီကို မဟုတ်ကြောင်း ဖြေနေရတာ အတော် အချိန်ကုန်တယ်။ မနေ့ကလည်း အိမ်သာကကူးသလား မေးတယ်။ အရင်ကလည်း ဟိုဟာဒီဟာတွေ မေးကြတယ်။ ဖြေရတာ အတော်မောပြီ။ ဒီရောဂါအကြောင်း နောကျေအောင် သိမထားရင် ခက်တယ်။ ကိုယ့်အတွက်သာမက တခြားလူတွေအတွက်ပါ ခက်မယ်။


• လူ-လူချင်း နီးစပ်မှုကနေ အများဆုံးကူးစက်တယ်။ 

• ၆ ပေပတ်လည်မှာနေသူတွေဆီ ကူးနိုင်တယ်။

• အသက်ရှူလမ်းကနေ စွန့်ထုတ်လိုက်တဲ့ အမှုန်လေးတွေကို ရှူမိလို့ ကူးစက်တယ်။

• အဲတာလေးတွေက ချောင်းဆိုး နှာချေ စကားပြောရာကနေ ကူးစေနိုင်တယ်။

• အဆုတ်ထဲကို သွင်းယူရှူမိရာကနေကူးနိုင်တယ်။

• ရောဂါလက္ခဏာတွေမပြသေးသူတွေဆီကလည်း ကူးစက်နိုင်ကြောင်း ထပ်မံတွေရှိလာတယ်။


ကာကွယ်နည်း

၁။ အပြင်မထွက်နဲ့။

၂။ ထွက်ရတိုင်း နှာခေါင်းစည်းသုံးပါ။

၃။ လက်ကို လိုတိုင်း ဆေးပါ။

၎။ မဟုတ်တာတွေ မပြောနဲ့ မယုံနဲ့။

၅။ ဟုတ်တာတွေ ကကြီးကနေ အအထိသိထားပါ။


ဘယ်ဘာသာရပ်မဆို မဟုတ်တာကို သိသူမျိုးဟာ ဟုတ်တာကို မသိဖြစ်လေ့ရှိတယ်။ ဆေးပညာ၊ မြန်မာစာ၊ သမိုင်း၊ သုတ ဘလော့နေရတာ များပြီ။ ကိုယ့်အတွက်သာမက တခြားလူတွေအတွက်ပါ ခက်မယ်။ 


ဒေါက်တာတင့်ဆွေ

၂၈-၉-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး