သောင်စပ်ပြာက လှိုင်းနတ်မယ်


ဦးခေါင်းပြည့်လျှင်၊ ငွေပန်းဆင်ကာ

တေးသီလာသည်

သောင်စပ်ပြာက လှိုင်းနတ်မယ်


လာပါ လာပါ၊ တေးပျူဟာနှင့်

ရယ်ကာ မောကာ၊ ပုတ်ခတ်ကာလျှင်

သဲဖျာ သောင်ပေါ်၊ ထိုင်လှည့်ခေါ်သည်

မြူးပျော် ပြေးသွား ချင်ဖွယ်တည်း။


မနေမနာ၊ သူလှုပ်ရှား၍

မအား နေ့ည၊ သူ့လုံလဖြင့်

ရေစ သောင်ဖျာ၊ ဖြန့်ညှိလာ၍

ထိုင်ပါကုန်လှည့်၊ လျောင်းကုန်လှည့်ဟု

ဖျော်ဖြည့် တေးရွတ်၊ တတွတ်တွတ်သည်

ကြည်ဆွတ် ဖွယ်ရာပါတကား။   ။ (၂-၂-၁၉၆၁)


မောင်စွမ်းရည်ရဲ့ အနီနှင့်အပြာကဗျာများထဲကဖြစ်ပါတယ်။


ခုခေတ်ကဗျာဆရာတွေကတော့ ဖျော်ဖြည့်တေးရွတ်၊ တစ်တွတ်တွတ်သည် စိတ်ပျက်ဖွယ်ရာပါတကား။

 

ဒေါက်တာတင့်ဆွေ

၎-၉-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး