ပန်းချီမဆန်သော ရွေးကောက်ပွဲ

အခုရက်တွေမှာ ဘက်လိုက်ပြီးရေးတာတော့ မဟုတ်ပါ၊ အနီရောင်က များလွန်းတယ်။ တလောက အဝါနဲ့ အပြာ လာလိုက်သေးတယ်။ ကြားထဲမှာ အစိမ်းရောင်လည်း ကြိုးကြားကြိုးကြား။ 


မြန်မာ့ရွေးကောက်ပွဲသုံး အရောင်တွေကို အခြေခံအရောင်တွေလို့ ယေဘူယျပြောနိုင်ပါတယ်။ ပန်းချီပညာမှာ အခြေခံ အရောင်က သုံးမျိုးသာရှိတယ်။ အနီ၊ အပြာနဲ့ အဝါ။ primary colors လို့သတ်မှတ်ထားတယ်။ အစိမ်းဆိုတာ အပြာနဲ့ အဝါရောထားတာ။ မရန်းရောင်က အနီနဲ့ အပြာရောထားတာ။ ပန်းရောင်က အနီကို အဖြူ သို့မဟုတ် ရေနဲ့ ရောထားတာ။ တကယ်တော့ အဖြူရောင် မရှိ။ အမည်းရောင်မရှိပါ။ သင့်သလိုသာ ရောစပ်ယူရတယ်။


ကမ္ဘာမှာ နာမည်အကြီးဆုံးလို့ လက်ခံသဘောတူတဲ့ ပန်းချီပညာရှင်ဟာ ဗင်းဆင့်ဗန်ဂိုး ဖြစ်ပါတယ်။ သူက ဒတ်ခ်ျလူမျိုး Vincent Willem van Gogh (30-3-1853 - 29-7-1890) ဖြစ်တယ်။ သူကွယ်လွန်တာက မြန်မာပြည်မှာ သီပေါမင်း ပါတော်မူပြီးနောက် ၅ နှစ်မှာ။ 

ဗန်ဂိုးအသုံးပြုရေးဆွဲတဲ့ အရောင်တွေက ထူးခြားတယ်။ Chrome yellow အဝါတမျိုးနဲ့ chrome orange လိမ္မော်ရောင်တွေကို အများဆုံးသုံးတယ်။ yellow lead chromate အဝါရောင်က သူ့ဖေးဘရိတ်။ Vandyck brown ခေါ် အညိုရောင်ကို အရိပ်နေရာမှာသုံးတယ်။ cold grey tone လို့ ခေါ်တယ်။ အဝါမှာလည်း yellow ocher, chrome yellow, cadmium yellow တွေမတူပါ။ သူ့ရဲ့ တခြားအရောင်တွေကတော့ vermilion, Prussian blue, ultramarine, lead white, zinc white, emerald green, red lake, red ocher, raw sienna နဲ့ black တွေဖြစ်တယ်။ 


ပန်းချီပညာသုံးအရောင်တွေနဲ့ သင်္ကေတသုံးအရောင်တွေ မတူပါ။ အားနာနာနဲ့ပြောရရင် ကျွန်တော်တို့ ရွေးကောက်ပွဲသုံး အရောင်တွေကိုကြည့်ရတာ ဘုရားပွဲဈေးတန်းသွားလည်ရသလိုပဲ။ ယူအက်စ်အေကလည်း အနီနဲ့အပြာသာပါတဲ့ ကလေး ကစားစရာလိုပဲ။


မြန်မာ့ဆိုရိုးစကားတွေရှိတယ်။ ကြက်ဥအယောင် တိမ်တောင်သဖွယ်၊ မင်းရေးကျယ်နဲ့ ပြည်ထဲအရေး၊ ပေါက်နှင့်ကျေး။ ရွေးကောက်ပွဲဟူသည် စိတ်ကူးယဉ်မဟုတ်။ အီမိုးရှင်းမဟုတ်။ လက်တွေ့ကျတယ်။ 


ဒေါက်တာတင့်ဆွေ

၇-၉-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး