COVID-19 vaccine ကာကွယ်ဆေးသတင်းများ

တရုပ်ပြည်မှာ ကရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ထိုးပေးနေပြီလို့ နောက်ဆုံးရသတင်းတွေက ဆိုပါတယ်။  မြန်မာ ဂျာနယ်တွေမှာလည်း ရေးကြတယ်။ တရုပ်ပြည်ကသတင်းတွေအရ အကန့်အသတ်နဲ့ ထိုးပေးနေတာသာဖြစ်ပြီး လာမဲ့နိုဝင်္ဘာ သို့မဟုတ် ဒီဇင်္ဘာလမှာ ဈေးကွက်ထဲ ရောက်မယ်တဲ့။ တရုပ်အစိုးရပိုင် Sinopharm ကုမ္ပဏီကထုတ်တဲ့ စမ်းသပ်နေဆဲ ကာကွယ်ဆေး ဖြစ်ပါတယ်။ တခြားနိုင်ငံတွေက သိပံ္ပပညာရှင်တွေကတော့ အဲလို စမ်းသပ်မှု ပြည့်စုံ လုံလောက်သေးခြင်းမရှိဘဲ အလောသုံးဆယ် ထိုးပေးနေတာကို စိုးရိမ်ကြပါသတဲ့။ 


ယူအက်စ်အေ Coronavirus Vacccine Tracker ကာကွယ်ဆေးသတင်းနောက်လိုက်ခြင်း

Phase 1 အဆင့် (၁) စိတ်ချရမှုနှင့် ဆေးအလေးချိန်စမ်းသပ်ခြင်း (25)

Phase 2 ပိုပြီးကျယ်ပြန့်တဲ့ စမ်းသပ်မှုပြုလုပ်ခြင်းအဆင့် (14)

Phase 3 ထိရောက်မှုအား ကျယ်ပြန့်သောစမ်းသပ်မှုပြုလုပ်သည့်အဆင့် (9)

Limited အကန့်အသတ်ဖြင့် ထိုးရန်အတည်ပြုခြင်း (3)

Approved လူအများစုထိုးရန် အတည်ပြုခြင်း (0)


အမေရိကန် National Institute of Health and Infectious Disease ဌာနအကြီးအကဲဖြစ်သူ Dr. Anthony Fauci ဒေါက်တာဖေါ်ချီ ပြီးခဲ့တဲ့လက ပြောတာတခုရှိတယ်။ ကာကွယ်ဆေးဟာ ပဉ္စလက်အစွမ်းရှိမှာ မဟုတ်ပါ။ ၅၀% ထိရောက်မလား၊ ၆၀% ထိရောက်မလား မပြောနိုင်သေးပါ။ ၇၅% နဲ့အထက်ထိရောက်စေချင်တယ်။ အဲဒါလည်း တိတိကျကျ ပြောမရသေးပါတဲ့။


Food and Drug Administration (FDA) ကတော့ ၅၀% ထိရောက်တာ တွေ့ရှိရရင် အတည်ပြုချက်ပေးမယ်လို့ ဆိုပါတယ်။


ကရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို တရုပ်လုပ်နဲ့ အမေရိကန်မိဒ်လို့ ခွဲခြားပြောရတာ ခက်တယ်။ မြန်တာ ကောင်းသလား၊ ထိရောက်တာ စောင့်မလားကို ဘယ်တိုင်းပြည်အတွက် ရွေးမှာလဲ ကြည့်ရသေးတယ်။ 


တရုပ်ကာကွယ်ဆေးထိုးတဲ့သတင်းက အရင်ထွက်လာလို့ တရုပ်က တခြားနိုင်ငံတွေထက်သာသွားပြီလို့ပြောတာ မမှန်နိုင်ပါ။ ကိုယ်ထင်တာ ကိုယ်ပြောကြတယ်။ သတင်းဆိုတာလည်း ရေးသားသူတွေရဲ့သဘော။ ကျွန်တော်တို့နဲ့ ထိုက်တန်တဲ့ ကာကွယ်ဆေး ရကြပါလိမ့်မယ်။ မြန်မာပြည်က တရုပ်လုပ်သာ ရစရာအကြောင်းရှိတယ်။


ကာကွယ်ဆေးမရခင်မှာ ကာကွယ်ရေးကိုသာ စနစ်တကျပြုသင့်ကြပါတယ်။


ဒေါက်တာတင့်ဆွေ

၁၂-၉-၂၀၂၀

ပုံ Jesse Zhang for NPR


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး