ပထမတန်းဖတ်စာ
တခါတခါမှသာ ဖျားသူရှိပါသည်
ချောင်းရေ တသွင်သွင် စီးနေ၏
ကွင်းပြင်တခုလုံး စိမ်းစိမ်းစိုစိုရှိ၏
ရှေ့ဆောင်လူငယ်တယောက် ရောက်လေရာမှာ ကူညီလိုသည်
သူတပါးကိုလည်း ထောက်ထားသည်
ချွေးတပြိုက်ပြိုက် ကျနေသည်
ရေတပေါက်လောက် တိုက်စမ်းပါ
တခစ်ခစ် ရယ်လိုက်သေးသည်
စွန်ပြတ်လျှင် တစွတ်ထိုးမလိုက်ရ
စကားတတွတ်တွတ် မပြောပါနှင့်
အထိတ်တလန့် မဖြစ်ပါစေနှင့်
တဆိတ် ကူညီပါ
ဆန်တစိတ်လောက်ပေးပါ
တရုပ်စကားပင်
တချက်ခုတ် နှစ်ချက်ပြတ်
တလုတ်စားဘူး သူ့ကျေးဇူး
ကျွန်တော့်မှာ အကိုတယောက် အမတယောက်ရှိပါသည်
ကျွန်တော်သည် သူငယ်တန်းအောင်၍ တအိမ်သားလုံး ဝမ်းသာနေကြပါသည်
ကျွန်မမှာ ကြောင်ကလေးတကောင်ရှိပါသည်
သူ၏အိမ်တွင် သပ်ရပ်လှပသော စာအုပ်စင်ကလေးတခုကို သူလုပ်ထားသည်
ကိုရဲဒင်သည် ပြည်သူ့ရဲတပ်ဖွဲ့ဝင် ရဲသားကြီးတဦးဖြစ်ပါသည်
ကျီးဖြူ ကျီးမည်း တကောင်တည်း
မနုသည် အများအကျိုးဆောင်လိုသူတဦး ဖြစ်သည်
ရွာ၏အနောက်ဘက်တွင် ရေကန်ကြီးတကန်ရှိပါသည်
တပြူး တလံ
ညောင်ကန် ထမ်းပိုး အကျိုး
ထိုနေ့က တယောက်တလက် ကူညီသူ အားလုံးကို ဘကြီးဖြိုး၏ ဇနီး ဒေါ်ငြိမ်းက ကောက်ညှင်းပေါင်း ကျွေးပါသည်
အနာရောဂါတို့လည်း အလွယ်တကူ ကပ်ရောက်နိုင်လိမ့်မည် မဟုတ်ပါ
မောင်ငယ်ရင်သွေး နာဘိသေးလော့၊
ရှေးသရောအခါ ပြည်ဗာရာဝယ်၊
ကုဋေကြွယ်သား သူဋ္ဌေးအားလျှင်၊
သားတယောက်ဖြစ် ချစ်၍တစေ အိမ်မှာနေ၍၊
စာပေမကျ မိဘစုတေ့၊ ခန္ဓာရွေ့သော်၊
အရှေ့အနောက် တောင်မြောက်ဘယ်မှာ မသိပါငြား၊
သူဋ္ဌေးသားသည် သိုထားမတတ် အရပ်ရပ်၌၊
နှံအပ်ဥစ္စာ ရှိသည့်ငှာကို၊
များစွာကျွန်ပေါင်း မကောင်းခိုးသူ ယူ၍ပြေးရှောင်း၊ အိမ်ကိုရောင်း၍၊
ထောင်းထောင်းကြေလျက် ခွက်လက်ဆွဲကာ တောင်းစားပါလည်း၊
နင်သာလူမိုက် ဒုစရိုက်ဟု ရိုက်ပုတ်လိုက်ကြ၊
ရွာမှထွက်လေ၊ တောမှာသေသည်၊
ကောင်သေလင်းတ ကျ၏တည်း။ ။ (ဆားတုံ ဆရာတော်)
ရုပ်သေးပွဲကို ကျွန်တော်တို့ ကလေးတသိုက်က အလွန်ကြိုက်ပါသည်
တခါသော် သာလွန်မင်းတရားကြီးသည် စစ်ကိုင်းဘက်သို့ ဆင်စီး၍ ထွက်တော်မူ၏။ လမ်းဘေးတွင် သူဆင်းရဲမတဦးသည် ထမင်းရည် ငှဲ့နေ၏။
ပရွက်ဆိတ်တကောင်သည်
ပေါက်ပြားဖြင့် တနေ့လုပ်ရသော အလုပ်ကို မြေထိုးစက်ဖြင့် ခဏနှင့် ပြီးနိုင်သည်။
လူအားဖြင့် တနေ့ သယ်ယူရသော အလုပ်ကို စက်အားဖြင့် ခဏနှင့် ပြီးနိုင်သည်။
နွားနှင့် တနေကုန် ရုန်းရသော အလုပ်ကို လယ်ထွန်စက်ဖြင့် ခဏနှင့် ပြီးနိုင်သည်။
ကျောင်းသူကျောင်းသား တို့တဖေါ် အရွယ်ရောက်လို့ ကြီးပြင်းသော်
တနေ့သော် မြစ်ကမ်းနားမှ ငါးကြင်းတကောင်ကို ရကြ၏။
မပြောပလောက်သော အကြောင်းလေးတခုကြောင့် စိတ်ဝမ်းမကွဲကြပါကုန်လင့်ဟု ဆုံးမ၏။
စည်းလုံးခြင်းအကျိုး
ရှေးသရောအခါ အဖိုးအိုတယောက်ရှိ၏။
အဖိုးအိုသည် သားတို့အား ထင်းစည်းတစည်းကို ပေးအပ်ကာ တယောက်ပြီးတယောက် ချိုးစေ/
ထိုအခါ အဖိုးအိုက ထင်းစည်းကို ဖြေစေ၍ တယောက်တချောင်းစီ ချိုးစေ၏။
ထင်းအစည်း ပြေသကဲ့သို့ တကွဲတပြားစီ နေကြပါမူကား သင်တို့ကို သူတပါးက အလွယ်တကူ နှိပ်စက်နိုင်သည်ဟု ဆုံးမ၏။
ငှက်များအကြောင်း
အိမ်မှာ ကြက်တူရွေးတကောင်း မွေးထားပါသည်။
စာပေါင်းသိုက်တခုကို ဆွဲပြီးလျှင် စာကလေးကိုလည်း မွေးထားပါသည်။
ကျောင်းစိုက်ပျိုးခင်း
ကျွန်တော်တို့ အတန်းသားများ ငါးယောက်တတွဲ တကွက်ကျစီ စိုက်ပျိုါ်ကြရပါသည်။
တောစခန်းထွက်ခြင်း
သူတပါးကို ကူညီလိုစိတ် ရှိ၏။
မောင်ရှိန်သည် ရှေ့ဆောင်လူငယ်တဦး ဖြစ်၏။
ကိုယ့်အား ကိုယ်ကိုး
တပါးသောသူ အားကိုးမူ ဤလူဖျင်းနုံချာ
အောင်ရမည်
ရှေးအခါက ဘုရင်ကြီးတပါးသည် စစ်ရေးနိမ့်သဖြင့် ဂူကြီးတခု၌ ပုန်းအောင်းနေရ၏။ တခါသော် ဘုရင်ကြီးသည် မောပန်းလွန်းသဖြင့် လဲလျောင်း၍နေ၏။ ထိုအခါ ဂူ၏အမိုး၌ ပင့်ကူလေးတကောင် အိမ်ဖွဲ့၍နေသည်ကို မြင်လေ၏။
ဦးကျည်ပွေ့
ရှေးသရောအခါ ပုဂံပြည်တွင် ရဟန်းကြီးတပါးရှိ၏။
တနေ့သော် ရဟန်းကြီးသည်
ငါ တနေ့တချောင်းမျှ ပစ်ခဲ့သော တံပူတို့သည် ဤမျှများလှပြီ။ ငါလည်း ငယ်စဉ်ကစ၍ တနေ့ စာတကြောင်းကျ ကျက်မှတ်သွားပါက ယခုအချိန်၌ ကျမ်းတတ်တဦး ဖြစ်လောက်ပြီ။
Comments
Post a Comment