သူငယ်တန်းစာအတိုင်း ရေးသားသူ




ဆရာ့လို ပညာရှင်က စေတနာနဲ့ လမ်းပြပေးနေတာကို တန်ဖိုးထားရမှာပါ ကျေးဇူးအများကြီးတင်ပါတယ်။

ကျွန်တော်က ပညာရှင် မဟုတ်ပါ။ ငယ်ငယ်ကသင်ရတဲ့ သင်ပုန်းကြီးနဲ့ သူငယ်တန်းဖတ်စာအတိုင်း ရေးတဲ့သူ။ အသားလိုလို့ အရိုးတောင်းတာလည်း မဟုတ်ပါ။ ကျွန်တော်တို့ခေတ်က သူငယ်တန်း မြန်မာသင်ပုန်းကြီး ဖတ်စာသစ်ကိုသာ တင်ပြပါမယ်။

ဖတ်စာ (၂)
ညတည လသာသာ
ကားစီးလာပါ
မီးနီ အဆီးအတား
သတိထား

တညီတညာ
အနီးလာ
ဆရာ မိဘ
အားထားရ

ညစာစားသည်
ငပိပါသလား
အသီးစားပါ
မဆာက မစားရ

ဤခရီး နီးသလား
ငါးနာရီလာရ၏
မီးရထားစီးလာပါ
အလကားမစီးရ
ဤအရာ သတိထားပါ

ဖတ်စာ (၃)
မိသား တစု
ဘုရား ဖူး၏
ပုတီးပါသည်
သီလ ယူပါ
သာဓု သာဓု သာဓု

စားစရာ ယူလာပါ
လူ စီလာပါ
တဦးစီ လာပါ
လု မယူရ
အတူ စားပါ

ရွတ်ဆိုရန်

ဆပ်သွားဖူး
ပျိုလေးတို့ငန်းဦး
ဆပ်သွားဖူးတဲ့ တရုံနှစ်ရုံ
ကျေးတွေကအုံ
မအုံပါနဲ့ ကိုရွှေကျေးရယ်
ပျိုတို့မောင် ရှင်လိင်ပြန်တော့
နားပန်ဘို့လေး။

ဖတ်စာ (၁၀)
လွှသမားများ လွှဆွဲနေကြသည်။
ဗလ ကြီး၏။
ခွဲစရာ များလှချည့်လား။
မျှမျှတတ ခွဲကြသည်။
ကြာ်ရှည် မခွဲရပါ။

သူ ရေရွှဲနေသည်။
အအေးမိ၍ နှာစေးပြီ။
နှာ ရှူပါစေ။
နွေးနွေးထား၍ အနားပေးပါ။
လူစည်သောနေရာ မသွားစေရ။

လူငယ်လူရွယ် တစု
စပါးလှေ့နေသည်
အဆာပြေ ပဲလှော်ဝါးပါ
ရေနွေးကြမ်းလည်း ရှိပါသည်
အကြော်အလှော် တပန်းကန်ပေးပါ

အသီးတရာ အညှာတခု
မြန်မာပြည် ညီညာသည်
မြေကြီးက ရွှေသီးရမည်
ရေနံ အမြန်တူးဖေါ်မည်
အပွဲပွဲမှာ နွဲကြမည်

ဖတ်စာ (၁၃)
ပြည်ထောင်စုသား
ကောင်းစားစေကြောင်း
အားပြည့်လောင်း၍
သောင်းသောင်းဖြဖြ ကြိုါ်ပမ်းကြ။

နေ့စဉ် ခေါင်းဖီးပါ။
သန့်ရှင်းအောင်ထားရမည်။
ဆီလူးလျှင် ဆံပင်ကောင်းသည်။
အပေါင်းအဖေါ်၏ ဘီးကို မယူရ။
မိမိဘီးကို မကြာမကြာ ဆေးကြောပါ။

တဦးဆောင်သော် မရ။
တသောင်းဆောင်သော် ရ၏။
စုပေါင်းခေါင်းဆောင် အကြံအောင်။
အပေါင်းညီညာ အောင်ကြောင်းဖြာ။

ဖတ်စာ (၁၄)
ရေအိုင်တအိုင်။
သည်အိုင်က ခြင်လာသည်။
ခြင်ကိုနိုင်ပါစေ။
လူတိုင်းမှာ တာဝန်ရှိသည်။

မော်တော်ယာဉ် စီးပါ။
မျှမျှတတ ထိုင်ပါ။
တန်းကိုကိုင်လျှင် သတိထား။
ခိုင်မခိုင် စမ်းပါဦး။

ကြံ့ကြံ့ခိုင်ခိုင် နေပါ။
ထိုင်းထိုင်းမှိုင်းမှိုင်း မနေရ။
ဆိုင်ရာတာဝန် ထမ်းဆောင်ပါ။
သိုင်းသိုင်းဝိုင်းဝိုင်း ကူညီပါ။

ကိုင်းပင်ကို ရှင်းပါ။
မြေသြဇာ နိုင်နိုင်ထည့်ပါ။
ပဲ ဝ့ နှမ်း အလှည့်ကျ ချပါ။
စုပေါင်း ကြိုးစားပါ။
အသီးအခိုင် ပေါမည်။

ဖတ်စာ (၁၆)
စပယ် တကုံး
ဘယ်လို သုံးမလဲ
ပြုံး၍ မေးသည်
မယ်အုံးက ဆံထုံးမှာ ပန်မည်။

ဟင်းမျိုး စုံပြီ။
ပုန်းရည်ကြီးလည်း ပါသည်။
ခုံပေါ်မှာ အကုန်ချထားပါ။
အားလုံး လုံအောင် ဖုံးထားပါ။

မိုးအုံ့လျှင် အေးသည်။
တံခါး လုံအောင် စေ့ထားပါ။
ဖေဖေ ခေါင်းအုံနေသည်။
တအုန်းအုန်း မဆူညံရ။

ယုန်လေး တကောင်
တောင်ကုန်းနားမှာ
ခုန်၍ ပြေးနေသည်။
မယုံလျှင် သွားကြည့်ပါ။
မကြုံစဘူး လှသည်။

သင်ပုန်းကြီးထဲမှ ခြံခုန်၍ထွက်ပြေးသွားသူများကို မြန်မာစာပညာရှင်များဟုခေါ်သည်။

ဒေါက်တာတင့်ဆွေ
၂၅-၉-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ