မြန်မာစာ သို့မဟုတ် မဲ နှင့် ခဲ

ဆရာခင်ဗျ၊ တော်တော်ကို ကိုးလိုကန့်လန့် ပို့စ်တွေတွေ့နေ ရလို့ ကျိုးစား (ကြိုးစား) အချိန်ယူပြီး ရေးလိုက်ပါတယ် ခင်ဗျ။ ပို့စ် တခုမှာ ရန်ကုန် ဧရိယာ တစ်ဝန်းလုံးလို့ ရေး တာ တွေ့ရပါ တယ်။ ဒီနေရာမှာ တစ်ကို သုံးတာ အလွန် လွဲမှားတယ် ထင်ပါတယ်။ တစ်ဝန်းလုံးဆိုတဲ့ နေရာ မှာ တစ်က အရေအတွက်ကို ဖေါ်ပြစရာ အကြောင်း လုံးဝမရှိနိုင်ပါ။ တစ်ဝန်းလို့ ရေးရအောင် နှစ်ဝန်းဆိုတာမှ မရှိနိုင် တာ။ အရေအတွက် ကိန်းဂဏန်း ကိုဖေါ်ပြတာ မဟုတ်တာကြောင့် တစ်လို့ရေးတာ အတော်ဆိုးတဲ့ သဘောရှိတယ် ထင်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးဆိုရင်လဲ အတူတူပဲ ကမ္ဘာ နှစ်ဝန်းဆိုတာမရှိလို့ ကမ္ဘာ တဝန်းလို့သာ ရေးသင့်ပါတယ်။ နောက်တခု ပြောရမယ်ဆိုလျှင်မှာလဲ အတူတူပဲ၊ နောက် နှစ်ခုပြောရမည်ဆိုလျှင် ဆိုတာမျိုး အသုံးမရှိလေတော့ နောက်တခုပြောရမည်ဆိုလျှင်က ပိုအဓိပ္ပါယ် ပြည့်ဝမယ် ထင်ပါတယ်။ ဒါက ကိစ္စတခု ရေးတာဟာ ဒါကကိစ္စတစ်ခုလို့ရေးတာထက် အဓိပ္ပါယ်ရှိတဲ့ သဘောရှိပါတယ်။ ကိစ္စနှစ်ခုလို့ပြောလေ့မရှိဘူး မဟုတ်လား။ ဥပမာတွေက အများကြီးပါ။ တခုတော့ စိုးရိမ်မိပါတယ်။ နောက် ပိုင်းဆိုရင် တစ်ရားပွဲ၊ တစ်သီးပုက္ကလ (ပုဂ္ဂလ)၊ တစ်ပြည့် တစ်ပန်း၊ တစ်သွေမတိမ်း၊ အဲလိုတွေရေး လာမလား ဒါမှမဟုတ် ယခုတောင်ရေးနေပြီလား မသိတော့ပါခင်ဗျား။ 


မြန်မာစာကို မှန်စေချင်သူတယောက်တွေ့လာတိုင်း မဲတမဲရသလိုပဲ။ မဲကလည်း ရခဲတယ်။ ခဲသာရနေတယ်။


၂-၃-၁၉၆၂ နေ့ ကျေညာချက် နိုင်ငံတော် တဝှမ်းလုံး (မှန်)။

၁၈-၉-၁၉၈၈ နေ့ ကြေညာချက် နိုင်ငံတော် တစ်ဝန်းလုံး (မှား)။


စသတ်စရာမလိုတဲ့ တအသုံးများ https://doctortintswe.blogspot.com/2019/09/blog-post_28.html


တစ်ရုတ်စကားတတ်ရမည် တွေ့တယ်။ ဘေဂျင်းရောက်သွားပြီထင်တယ်။

မေတ္တာတစ်ရားဖြင့်လို့ တွေ့တယ်။ သစ္စာတစ်ရားဖြင့်လို့ တွေ့တယ်။ နိဗ္ဗာန်ရောက်သွားကြပြီလာတော့မသိ။

တစ်သီးပုဂ္ဂလ အမတ်လောင်းအမည်စာရင်းတွေ တွေ့နေရတယ်။ တစ်သီးပုဂ္ဂလအမတ်က မြန်မာစာဝန်ကြီးဖြစ်ကောင်း ဖြစ်လာမယ်။


ဒေါက်တာတင့်ဆွေ


Comments