ပြန်လည်တွက်စစ် သုံးဆဲ့နှစ်

အင်နယ်လ်ဒီပါတီ ဖွဲ့စည်းတာ ၃၂ နှစ်တိတိရှိပြီ။ 

ကျွန်တော့်နိုင်ငံရေးလည်း ၃၂ နှစ်တိတိကြာပြီ။

အစိုးရဆရာဝန်အဖြစ်ကနေ နှုတ်ထွက်ခဲ့တာလည်း ကာလအတူတူ။

နိုင်ငံရေးထဲရောက်တော့ အသက် ၄၀ နှစ်တိတိ။

အင်နယ်လ်ဒီပါတီကို ၂၈-၉-၁၉၈၈ နေ့မှာဖွဲ့တယ်။ 

ကျွန်တော် ၁၅-၁၂-၁၉၉၀ နေ့မှာ အိန္ဒိယကို ထွက်ပြေးခဲ့ရတယ်။

၃၂ နှစ်အတွင်းမှာ ၂ နှစ် ၂ လနဲ့ ၁၇ ရက်သာ ပြည်တွင်းမှာ နိုင်ငံရေးလုပ်ခဲ့ရပါတယ်။ 

ကျွန်တော်က အင်နယ်လ်ဒီမှာ ရှေးကျောင်းသား။ 

ဘွဲ့လည်းရတယ်။ ဘွဲ့လက်မှတ်မရ။ လုပ်ကိုင်ခွင့်မရ။

နေကောင်းကြပါစေ။


ဒေါက်တာတင့်ဆွေ

၂၆-၉-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး