တီကောင်ကို မြွေထင်မှတ်သူများ

ဦးတင့်ဆွေလည်း စသတ်ကိစ္စနဲ့ပဲ 


အဲလိုပြောသူတွေ မနည်း။ မကြာမကြာလာတယ်။ ကျေးဇူး။


ကျန်းမာရေးစာ တရာမှာ မြန်မာစာ တပုဒ်နှုန်းသာရှိတယ်။ နိုင်ငံရေးစာလည်း ရေးပါတယ်။ 


မြွေကြောက်တဲ့သူ လမ်းမှာ မြွေကြည့်သွားတော့ တီကောင်ကိုလည်း မြွေထင်တတ်တယ်။ 


ဘလော့ပေါ်ကတည်းက ကျန်းမာရေးစာတွေ ရေးတယ်။ ဖေ့စ်ဘွတ်ပေါ်တော့ မက်စင်ဂျာကနေ မေးတာတွေကို ဖြေနိုင်တာ ဖြေတယ်။ မေးခွန်းတွေမှာ သတ်ပုံနဲ့ စာရေးမှားတောတွေက များလွန်းလို့ သတ်ပုံပြင်ပေးရာကနေ မြန်မာစာပါ တတ်သလောက်ရေးပါတယ်။ အဲတာတွေအားလုံးအရင်က နိုင်ငံရေး ရေးတယ်။ ကြာလှပြီ။


မြန်မာစာကို အတော်မုန်းကြတာပဲ။ အမြီးပိုင်းသာမြင်တဲ့သူက မြွေလား နဂါးလား မခွဲတတ်ကြပါ။


ဒေါက်တာတင့်ဆွေ

၁၅-၉-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး