ဖြတ်ကနဲလို့ရေးရင် မှန်ပါသလား ဆရာ

နောက်ထုတ်သတ်ပုံကျမ်းမှာ ကနဲစာလုံးကို ခနဲသို့ဖတ်ရန်လို့ ညွှန်းထားပြီး ဝုန်းခနဲ၊ လှစ်ခနဲလို့ပါတယ်။

အရင်ထုတ် သတ်ပုံစာအုပ်တွေမှာ မပါ။ ဖြတ်ကနဲလို့လည်း ရေးကြပါတယ်။ မူးကနဲ၊ မိုက်ကနဲ၊ အေးကနဲ၊ သိမ့်ကနဲ။

မှားလေ့ရှိသော မြန်မာစကားလုံးများ (၁) မှာ ဇိုးကနဲ ဇက်ကနဲကမှားပြီး၊ ဆိုးခနဲ ဆတ်ခနဲက အမှန်လို့ တွေ့ရတယ်။

ဆိုးခနဲ ဆတ်ခနဲက ဟုတ်ပါ့မလား။

ဆတ်ခနဲလို့ရေးတာကတော့ အဓိပ္ပါယ်မမှားပါ။ ဆိုးခနဲက အဓိပ္ပါယ်တက်တက်စင်အောင် လွဲပါတယ်။

အမှားကွက်မှာ ဇက်ကနဲလို့ ရေးပြထားတာလည်း မှားတယ်။ ဇတ်ကနဲလို့ တသတ်နဲ့သာ ရေးတယ်။

ဇိုးကနဲ ဇတ်ကနဲဆိုတာ လှုပ်ရှားမှုမြန်ဆန်တာကို ထိထိမိမိဖေါ်ပြရာမှာသုံးပါတယ်။ ဇိုးဇိုးဇတ်ဇတ်လို့လည်း သုံးပါတယ်။ ဇွတ်၊ ဇွတ်ဒရွတ်လို့သုံးသလိုဖြစ်တယ်။ ဘန်းစကားအဖြစ် ဇွတ်ကြီးပဲ၊ ဇွတ်သမားလို့ သုံးပါတယ်။ ဆွတ်သမားလို့သာ ရေးခိုင်းရင် ပန်းခူးတဲ့သူဖြစ်သွားမယ်။

ဒေါက်တာတင့်ဆွေ
၂၃-၃-၂၀၁၉

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး