ASF ရောဂါ

ကျန်းမာရေးသတင်းတခု အခုပဲဖတ်ရတယ်။ Mandalay International Airport တွင် ASF ရောဂါဖြစ်ပွားနေသော တိုင်းပြည်များ၏လေကြောင်းလိုင်းများမှ သိမ်းဆည်းရမိသော ဝက်သားခြောက်များနှင့် ဝက်အူချောင်းများအား ဓာတ်ခွဲခန်းမှ စစ်ဆေးရန်နမူနာ ပစ္စည်းများ ကောက်ယူခြင်း နှင့် လေဆိပ်တွင် မီးရှို့ဖျက်ဆီးခြင်း တဲ့။

ASF ဆိုတာ African Swine Fever အာဖရိကန် ဆွိုင်းဖလူးကို ခေါ်တယ်။ ၁၉-၃-၂၀၁၉ နေ့ကတင်ထားတဲ့ ယူအက်စ်ကသတင်းကို ကိုးကားတင်ပြပါမယ်။

အာဖရိကန် ဆွိုင်းဖလူးရောဂါဟာ အလွန်ကူးစက်မြန်တယ်။ အိမ်မွေးဝက်တွေမှာဖြစ်တယ်။ လူတွေကို မကူးစက်လို့ ဆိုပါတယ်။ အာဖရိကတိုက် ဆာဟာရအောင်ပိုင်းဒေသတွေမှာ အဖြစ်များတယ်။ လောလောဆယ် တရုပ်ပြည်၊ မွန်ဂိုးလီယားနဲ့ ဗီယက်နမ်ကိုရောက်နေတယ်။ ဥရောပမှာလည်း နည်းနည်းရောက်တယ်။ ယူအက်စ်ကို အခုထိတော့ မရောက်သေးပါ။

ဝက်လုပ်ငန်းလုပ်ကိုင်နေကြရသူတွေအတွက် သတိပေးချက်ထုတ်ပြန်ထားတယ်။ ဒီလိုလကဏာတွေရှိရင် သတိထားပါ။
1.    High fever အပြင်းဖျားခြင်း၊
2.    Decreased appetite and weakness အစားအသောက်ပျက်ပြီး အာနည်းနေခြင်း၊
3.    Red, blotchy skin or skin lesions အရေပြားမှာ အနီရောင်အနာဖြစ်ခြင်း၊
4.    Diarrhea and vomiting ဝမ်းပျက်ပြီး အန်ခြင်း၊
5.    Coughing and difficulty breathing ချောင်းဆိုးပြီး အသက်ရှူရခက်ခြင်း။

ဝက်အသေနဲ့ အသည်းကနေ ကူးစက်တယ်။ သက်မဲ့အရာတွေကနေလည်း ပိုးပါနေရင် ကူးစက်နိုင်တယ်။ ကာကွယ်ဆေး မရှိသေးပါ။

Mandalay Laboratory LBVD ကျေးဇူး။

ဒေါက်တာတင့်ဆွေ
၂၉-၃-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး