Montelukast ဆေးဆိုတာ

အသက်က ၃၄ အိမ်ထောင်ရှိပါတယ်ရှင်။ ကလေးယူဖို့ကြိုးစားနေပါတယ်ဆရာ။ Air con နဲ့အိပ်ပြီး တအား ကြာသွားတဲ့အတွက် အအေးပက်ပြီး ချောင်းဆိုးတာ တော်တော်နဲ့မပျောက်ပဲ ခွီခွီပါဖြစ်ပါတယ်ဆရာ။ အောက်ပါ ဆေးသောက်မှပျောက်ပါတယ်ဆရာ။ အဲ့ဒီဆေးက သားအိမ်ကိုထိခိုက်တယ်ဆိုတာ ဟုတ်ပါသလားဆရာ။ အဲ့လိုကြားပြီးထဲက မသောက်ဖြစ်အောင်သတိထားပြီးဆင်ခြင်ပါတယ်ဆရာ။ရာသီဥတုအပြောင်းအလဲနဲ့ အပူရှပ်ပြီး နှာစေး ချောင်းပြန်ဆိုးနေလို့ပါဆရာ။ နှာကပိတ်တော့အသက်ရှုကမဝဘူးဖြစ်နေတယ်။အဲ့ဆေးကို ဆက်သောက်လို့ရမရ သိချင်ပါတယ်ဆရာ။

Montelukast ဆေးဆိုတာ ပန်းနာထလို့ အသက်ရှူမဝဖြစ်လာချိန်မှာ သုံးတဲ့ဆေးဖြစ်တယ်။ ပန်းနာရှူဆေး သုံးနေရသူတွေကိုလည်း ရှူဆေးသုံးရတဲ့အကြိမ်အရေအတွက် နည်းစေတယ်။ hay fever ခေါ် အလာဂျီရခြင်းနဲ့ allergic rhinitis အလာဂျီနှာခေါင်းရောဂါမှာလည်း သုံးတယ်။

ဘေးထွက်သက်ရောက်မှုများ
စိတ်မူပြောင်းခြင်း၊ ဒေါသကြီးခြင်း၊ စိတ်တိုခြင်း၊ အိပ်မရခြင်း၊ အိပ်မက်ဆိုးမက်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ သူများ မမြင် မကြားတာတွေကို မြင်ကြားခြင်း၊ ကြွက်သားအားနည်းခြင်း၊ ထုံကျင်ခြင်း။ ကိုယ်ဝန်ရှိနေချိန်မှာ လိုအပ်ချက်က ဘေးထွက် ဆိုးကျိုးထက်ပိုရင်သာ သုံးသင့်တယ်။

Allergic Rhinitis အလာဂျီ နှာခေါင်း https://doctortintswe.blogspot.com/2018/10/allergic-rhinitis.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး