မရှိပါပုရှင့် မများပါပုဆရာ မညီပုဆရာ

၁။ ဆရာရှင့် ဓမ္မတာ လာရမဲ့ရက်ကျော်သွားပြီး အဖြူ တွေဆင်းနေတာ ကိုယ်ဝန်ရှိတဲ့ လက္ခဏာလားရှင့် အော့တာ အန်တာတော့မရှိပါပုရှင့် ညနေပိုင်း ရေချိုးပြီးရင် အန်ချင်တာလေးတော့ ရှိတယ်ရှင့် အဲ့ဒါ ကိုယ်ဝန်ရှိတဲ့ လက္ခဏာများလားရှင့် ဓမ္မတာလာရမဲ့ရက်ထက် ၅ရက်နောက်ကျနေလို့ပါရှင့်

၂။ Menopause န ပတ်သတ်တဲ့ လင့်လေးတေ ပေးပေးပါလား အသက်က 41 အရင် တလလောက်က ရပ်သွားပြီးသားပါ ပြန်ဆင်နေလို့ပါ ဆေးရုံ ပြရလောက်အောင်လည်း မများပါပုဆရာ Bp က 110 /70 ပါဆရာ ဆင်းနေတာ နှစ်ရက်ရှိပါပြီဆရာ

၃။ မင်္ဂလာပါဆရာ ကျွန်တော်မေးချင်တာလေးတခုလောက်ရှိလို့ ကျွန်တော်ရဲ့ testis ကလေတခုနဲ့တခု မညီပုဆရာ။

မရှိပါပုရှင့်လို့ မရေးသင့်။ မရှိပါဘူးရှင့်လို့ ရေးရတယ်။ မများပါပုလို့ မရေးသင့်။ မများပါဘူးလို့ ရေးသင့်။ မညီပုလို့ မရေးသင့်။ မညီဘူးလို့ ရေးရတယ်။ ပုဆိုတာ မရှည်တာ။ အရပ်ပုတာ။

ပု
ပုခက်
ပုဂံပြည်
ပုစွန်
ပုစွန်ချဉ်
ပုစွန်စာပင်
ပုစွန်ဆိတ်
ပုစွန်တာရာ
ပုစွန်တုပ်
ပုစွန်လုံး
ပုစွန်ခြောက်
ပုစဉ်းထိုးငှက်
ပုစဉ်းရင်ကွဲ
ပုစဉ်းကောင်
ပုစုခရု
ပုဆစ်တုပ်
ပုဆိန်
ပုဆိုး
ပုတတ်စာပင်
ပုတတ်ကောင်
ပုတိ-ဘင်္ဂ-မရဏ
ပုတီးကုန်းမြို့
ပုတီးစိပ်
ပုထဝီ
ပုထိုးစေတီ
ပုထုဇဉ်
ပုပုကွကွ
ပုပျပ်ပျပ်
ပုရစ် = အညွန့်အဖူး
ပုရစ်ဖူး
ပုရစ်ကောင်
ပုရည် = ဆန်စပါးထည့်သောစလွယ်
ပုရပိုက်
ပုရွက်ဆိတ်
ပုရွက်ပျံ
ပုလင်း
ပုလိပ်
ပုလုကွေးလေး = သေးငယ်သော
ပုလဲတမူး = နှစ်သက်မြတ်လေးသည်
ပုလဲပုတီး
ပုလဲမြို့
ပုသိမ်မြို့
ပုအိုင့်အိုင့်
ပုရေဇာတပစ္စည်း
ပုရောဟိတ်
ပျပျပျပ်ပျပ်

ဒေါက်တာတင့်ဆွေ
၂၃-၃-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ