Heaven & Hell သုံးဆယ့်တဘုံ

တချို့က သတင်းတခုနောက် တကောက်ကောက်နဲ့။ တယောက် တပေါက်။ အမြီးအမောက်က မတည့်။

တချို့က ကိုယ့်ကိုယ်ကို မီဒီယာသမားလိုသဘောပိုက်ပြီး မိုက်ကြတယ်။ ကိုယ်တိုင် သတင်းထောက်၊ ကိုယ်တိုင် အယ်ဒီတာ။ ထွက်လာတာ သတ်ပုံမမှန်၊ သဒ္ဒါအမှား၊ အချက်အလက်က တခြား။

တချို့က တိုင်စာလို၊ ပစ်စာလို၊ ကိုယ်သိစေချင်သူက မဖတ်တာကို ထပ်ထပ်ရေးတယ်။

တချို့က ရောင်းကုန်လို၊ ကိုယ့်ပစ္စည်းကို ဂျူတီဖရီးမှာ အမြည်းပါပေးတယ်။

တချို့က ခေါင်းမြီးခြုံပြီး အသားကုန်ဟစ်တယ်။

တချို့က ဆေးချပြီးမှ ထလာတယ်။ အီမိုးရှင်းအရ ငိုချင်းချတယ်၊ ဒေါသသွေးနဲ့ ဆဲရေးကြတယ်။

တရားသမားတွေလဲပေါ၊ မတရားသမားတွေလဲများ၊ ကိုးယိုကားယားတွေကလည်း အစုံ၊ သုံးဆယ့်တဘုံဟာ တလွှာတည်းမှာလို ဖြစ်နေတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၃-၂၀၁၈
၂၅-၃-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး