သွေးကြောထဲ သစ်သီးရည်ထိုးကုသသူ သေလုမြောပါးဖြစ်
အရပ်ဆေးနည်း တရုပ်ကုလားဆေးနည်း လမ်းဘေးဆေးနည်းတွေ နိုင်ငံတိုင်းလိုလိုမှာရှိတယ်။ သတင်းထဲက အသက် ၅၁ နှစ်အရွယ် တရုပ်အမျိုးသမီးဟာ သစ်သီးတွေဖျော်တာကို သွေးပြန်ကြောထဲသွင်းတဲ့ကုသနည်းကို ခံယူပါသတဲ့။
အစတော့ ဘာမှ မဖြစ်သေး။ နောက် အရေပြားတွေယားလာတယ်။ ဖျားလာတယ်။ ဆေးရုံတင်ရတယ်။ စစ်ဆေးကြည့်တော့ အသဲရောင်နေတယ်။ ကျောက်ကပ်နဲ့ နှလုံးလည်းအလုပ်နိုင်အောင်မလုပ်တော့။ ချက်ချင်း ကျောက်ကပ်ဆေးပေးရတယ်။ သွေးမခဲဆေးပေးရတယ်။
လူနာက အားဆေးဆိုလို့ သွင်းတာတဲ့။
အရပ်ဆေးနည်း တရုပ်ကုလားဆေးနည်း လမ်းဘေးဆေးနည်းတွေ သတိထားကြစေချင်ပါတယ်။ မဟုတ်ကဟုတ်ကတွေ မရေးကြ မတင်ကြ မလုပ်ကြစေချင်ပါ။ ဖြည့်စွက်စာဆိုတာတွေက မရေမရာတွေ။ ဘယ်ဆရာဝန်ဆိုသူတွေကပြောပြော ချင့်ချိန်ပြီး ယုံသင့်ကြပါတယ်။ ဂရုဆိုတာတွေမှာ အတော်ဆိုးတာတွေ နေ့တိုင်းဖတ်နေရတယ်။
Woman Nearly Dies After Injecting Fruit Smoothie Into Her Veins http://www.ladbible.com/…/weird-woman-nearly-dies-after-inj…
ဒေါက်တာတင့်ဆွေ
၂၀-၃-၂၀၁၉

Comments
Post a Comment