ဆေးဆိုင်

ဆေးဝယ်။ ဆေးထုတ်တယ်လို့သာ ပြောရမယ်။ ဆေးရုံကဆေးစာပြတော့ ဆေးပေးတယ်။ တချို့ဆေးတွေသာ စတိပိုက်ဆံပေးရတာ။ ကျန်တာကို မယ်ဒီကဲ ဆိုတာကပေးတယ်။ အမြဲသောက်ရတဲ့ဆေးဆိုရင် အချိန်ကျတာနဲ့ ဆေးဆိုင်က ဖုန်းဆက်ပြီး လာယူခိုင်းတယ်။ ဆရာဝန်ဆေးခန်း ဆေးရုံကနေ ဆေးဆိုင်ကို အီးမေးလ်နဲ့ ဆေးစာပို့တယ်။ လူနာက ဆေးစာရွက်ယူစရာမလို။ ဆေးစစ်ချက် ဆေးရုံဆင်းမှတ်တမ်းသာ လူနာကိုပေးတယ်။

မယ်ဒီကဲ ရှိသူတွေက ပိုက်ဆံ မကုန်သလောက်ပဲ။ ဆေး ဆေးရုံစရိတ် အလကားလို့တော့ ထင်လို့ မရ။ အလုပ်လုပ်သူတွေပေးကြနဲ့ တက်စ်ကန ဖြတ်ယူထားတဲ့ငွေ။ ကျန်းမာရေးအာမခံစနစ်ကောင်းမှသာ လူတွေသက်သာတယ်။ မြန်မာပြည်မှာ ဘယ်တော့ဖြစ်နိုင်မလဲ။ ဖြစ်လာပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၆-၃-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)