ပေါက်ကွဲလွယ်တတ်သည်

မနေ့က မုံရွာကဂျာနယ်တခုမှာ သင်္ကြန်လမ်းတလျှောက်လို့ရေးထားတာ မှန်လို့ ချီးမွမ်းခဲ့ပါတယ်။ အခုဂျာနယ်က သတင်းမှာ တတ် နဲ့ တက် မှားနေတယ်။ နေ့တိုင်းလာနေတဲ့ ကျန်းမာရေးမေးခွန်းတွေအတိုင်းပဲ။

ပေါက်ကွဲလွယ်တတ်သည်လို့ ရေးရမှာကို ပေါက်ကွဲလွယ်တက်သည်လို့ ရေးထားတယ်။ မှားတယ်။

ကျွန်တော်က ဘက်လည်းလိုက်တယ်။ ဘက်လည်းမလိုက်ပါ။ ကိုယ့်မြို့ ကိုယ့်နိုင်ငံရေးပါတီတွေကိုလည်း သဘောကျ ထောက်ခံသလို ပြောစရာရှိရင်လည်း ပြောပါတယ်။

တစ်ခုခုလို့ရေးတာကတော့ ပညာရေးဝန်ကြီးဌာနကရော၊ ပြန်ကြားရေးဝန်ကြီးဌာနကပါ မြန်မာစာအဖွဲ့က ခိုင်းသလိုသာ ရေးနေကြလို့ ဘယ်လောက်ပြောပြော တရားမဝင်။ အရေးယူမခံရတာပဲ ကံကောင်းသေးတော့တယ်။

ဒေါက်တာတင့်ဆွေ
၂၄-၃-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး