Pukka ပတ်ကားမြန်မာစာနှင့် Parker ပတ်ကားဖေါင်တိန်

ဆရာရေးတဲ့ စာအုပ်လေး Mdy အရောင်းဆိုင်တန်းမှာလို့ မိတ်ဆွေတယောက်က တင်ပေးထားတယ်။ ကျေးဇူး။

တိုက်ဆိုင်တာပဲ။ ညတုန်းက ၂၁ ရာစု မြန်မာစာရေးဆရာ အညွှန်းစာအုပ်ကို ပြုစုနေပါတယ်။

ကိုယ့်အကြောင်းကိုယ်ရေးရတာ တယ်တော့ရေးချင်လှတာ မဟုတ်ပါ။ အပိုအဆာတွေ နှမ်းဖြူးတာတွေမပါပဲ ရေးလိုက်ပါတယ်။ ကလောင်အမည် မရှိ။

ပုလဲကဆရာတော်က ပတ်ကားဖေါင်တိန်လိုချင်ကြောင်း စာရေးလို့ ဝယ်ပြီး၊ လူကြုံမှာအပ်ထားလိုက်တယ်။ ကျွန်တော်တို့ငယ်ငယ်ကတည်းက ပတ်ကားဖေါင်တိန်က နာမည်ကြီးတယ်။ အခုထိ ကောင်းတယ်။ Parker Pen Company ပတ်ကားပင်ကုမ္ပဏီကို ၁၈၈၈ ကတည်းက ယူအက်စ်အေ ဝစ်ကောင်ဆင်မှာ ဖွင့်ခဲ့တာ။ သီပေါမင်း ပါတော်မူတဲ့နှစ်ထက် ၃ နှစ်စောတယ်။

ကျွန်တော်တို့ငယ်ငယ်ကကောင်းတာတွေကို ခုခေတ်လူရွယ်တွေက ကောင်းတယ်မထင်ကြတော့ပါ။ Pukka ပတ်ကားမြန်မာစာကို အဖက်မလုပ်ချင်ကြတော့ပါ။

မြန်မာလိုပတ်ကားဖေါင်တိန်ပင်နဲ့ ပစ္စည်းကောင်းပတ်ကားမကွဲပြားပေမဲ့ အင်္ဂလိပ်အသုံးမတူပါ။

အင်္ဂလိပ်စကားမှာပစ္စည်းကောင်းပတ်ကားဟာကုလားစကားဟင်ဒီဘာသာကဆင်းသက်တဲ့မွေးစားထားတဲ့ဝေါဟာရဖြစ်ပါတယ်။
https://www.merriam-webster.com/dictionary/pukka

ဒေါက်တာတင့်ဆွေ
၂၀-၃-၂၀၁၉

အဲဒီအတွက် ဆရာ့ရဲ့ Biography ကို သိချင်ပါတယ်လို့ မေးတာနဲ့ ရေးတာ၊ ၃ နာရီထိုးကာနီးလို့ ခုမနက်မှ အပြီးသတ်ရေးပြီး ပို့လိုက်တယ်။

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး