Bamboo Bed ဝါးကွပ်ပြစ်

• ဝါးကွပ်ပြစ်မှာ ထိုင်ခဲ့ဘူးတယ်။ လှဲနေ၊ အိပ်စက်ခဲ့ဘူးတယ်။
• ဝါးကွပ်ပြစ်ပေါ်ထိုင်ရင်း လူကြီးသူမတွေပြောတာကို နားထာင်ခဲ့ဘူးတယ်။

• ကြမ်းကြားလေ အေးတာသိတယ်။ ဗူးခါးရေတော့ မသောက်ဘူးပါ။
• မိုးခါးရေ မသောက်ဘူးပါ။ မိုးခါးရေသောက်သူတွေကိုတော့ တွေ့နေရတယ်။

• ဝါးကွပ်ပြစ်မှာထိုင်ရင်း ငယ်ရွယ်သူတွေကို စကားပြောခွင့်မရသေးပါ။
• ဝါးကွပ်ပြစ်မရှိတဲ့နေရာမှာရောက်နေလို့လား၊ လူကြီးသူမစကားကို ကြားလိုသူတွေ မရှိတော့လို့လား မသိပါ။

ဒေါက်တာတင့်ဆွေ

Bamboo Forest ပျိုတို့မောင်ယာမလုပ်တယ် ဝါးခုတ်တဲ့တောင်

အင်ဒီယာနားမှာ ဝါးရှားလားဆရာတဲ့။

ဟုတ် ဒီမှာ ဝါးခုတ်နေကြရတယ်။ Smile!

၁၉၉ဝ ရွေးကောက်ပွဲနိုင်ပြီး ၆ လအကြာမှာ ပြည်ပထွက်ရတော့ ကျွန်တော်နဲ့အဖွဲ့သားတွေ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့အစွန်၊ ဇင်မာဘောက်မှာ ကျောင်းသားတွေနဲ့အတူနေကြရတယ်။ ရောက်ကာစ ၆ လအတွင်းမှာ ဝါးခုတ်တာ အပါအဝင် အလုပ်မျိုးစုံလုပ်ကြရပါတယ်။ အမတ်နှစ်ယောက်က ကင်းလွတ်ခွင့်ရတယ်။ ကျေးဇူး။

ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်ဒေါင်၊
ပျိုတို့မောင် လယ်ယာမလုပ်တယ်၊ ဝါးခုတ်တဲ့တောင်။

နွားညီနောင် အားစည်အောင်ပ ဖေကျောင်း၊
မောင်နဲ့မယ် တူယှဉ်တွဲခါမှ၊
ယူငင်ကာ ချူဆင်ဆွဲလို့ရယ်၊
လှည်းယဉ်နဲ့ မောင်း။ (အမည်မသိ ရှေးစာဆို)

အင်ဒီယာနားမှာ ဝါးမရှိပါ။ ဒီမှာလူတိုင်း အလုပ်လုပ်ကြရတယ်။ အားလပ်ချိန်ဆိုတာ ရှားတယ်။ ဝါးခုတ်ကြရသလိုပဲ။ No Smile!

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး