Roger Federer ရော်ဂျာဖက်ဒရာ ပွဲတရာ

မနေ့က မိုင်ယာမီအိုးပင်း တင်းနစ်ပြိုင်ပွဲနောက်ဆုံးပွဲစဉ်မှာ ဆွစ်နိုင်ငံသား ရောဂျာဖက်ဒရာက အနိုင်ရသွားပါတယ်။ သူက အကြီးစားပွဲလို့ခေါ်နိုင်တဲ့ ဂရင်းစလမ် ၂၀ နဲ့ မာစတာပွဲ ၂၈ ပွဲ နိုင်ထားတယ်။ စုစုပေါင်း နိုင်ပွဲ ၁၀၁ ရှိသွားပြီ။ အေတီပီတိုးပေါင်း ၅၀၀။

ကျွန်တော် ဆရာဝန်အလုပ်က မထွက်ခင် ၅ နှစ်လောက်ကျမှ တင်းနစ်ကစားတယ်။ ဆရာတယောက်က ပုလဲမှာ ရက်တို နည်းပြပေးတယ်။ ဆားဗစ်ဘောလုံးပေးနည်းမှာ ဘောလုံးကို နဖူးပေါ်လောက် မြှောက်ပါ။ ဘောလုံးက အောက်ကျရင် ကိုယ့်ရှေ့ထားတဲ့ခြေရှေ့လောက်ကျမယ်။ သင်တန်းဆရာက နမူနာလုပ်ပြတယ်။ ဘောလုံးမြှောက်နည်းမမှန်ရင် ကျတဲ့နေရာလည်း မမှန်ကြောင်းပါ လုပ်ပြတယ်။ နည်းစံနစ်အသားကျနေတဲ့ဆရာ အမှားနမူနာလုပ်ပြရတာ ခက်နေတာ သတိထားမိတယ်။ ဘောလုံးက ကျသင့်တဲ့နေရာမှာသာ ကျကျနေတယ်။

ကျွန်တော်လည်း သူငယ်တန်းကတည်းက ရေးလာတဲ့ သတ်ပုံအတိုင်းရေးတာ နှစ်တွေများလွန်းလို့၊ တတွေကို မလိုအပ်ပဲ စသတ်ဖို့ အတော်ခက်ခဲပါတယ်။ ရော်ဂျာဖက်ဒရာနိုင်တဲ့ ပွဲတရာကို မှားအောင်မရေးတတ်ပါ။

ဒေါက်တာတင့်ဆွေ
၁-၄-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး