Not Young သူတို့က မငယ်ကြပါ
မေးနည်းစည်းကမ်းစာလေးတပုဒ်မှာ သည်လိုဖတ်ရပါတယ်။ အသိမကြွယ် ကလေးငယ်နင့် မယဉ်ကျေးသော ကျနော်အပါ တဲ့
သတ်ပုံအရေးအသားပြောတဲ့အခါ တချို့က အသက်ငယ်လို့ တချို့က အမြန်ရေးရလို့၊ တချို့က အပျော်ရေးတာ၊ တချို့က တိုင်းရင်းသားလို့ ထင်တယ် စသဖြင့် ကွန်မင့်တွေလာတယ်။
အမြန်လို့ ပြောသူတွေ ဖြည်းဖြည်းလေးရေးကြတာကို ဖတ်ချင်မိတယ်။ အပျော်ဆိုသူတွေ အတည်ပေါက်ရေးတာလည်း ဖတ်ချင်မိတယ်။ တချို့ရွှေတွေထက် အရေးအသားတော်တဲ့ တိုင်းရင်းသာတွေရေးတဲ့စာ သက်သေတွေပြဖြစ်ပါတယ်။ စည်းကမ်းမညီတာ ကလေးလည်း မဟုတ်၊ လူငယ်လည်း မဟုတ်ကြပါ။ အသက် လေးငါးဆယ်အရွယ်တွေလည်းပါတယ်။
သတ်ပုံတွေ ၁၉၈ဝ ကတည်းက လွဲခဲ့ရတာဖြစ်လို့ အသက် ၄ဝ တန်းတွေကများတယ်။ အမှန်ကိုသင်ခဲ့သူတွေက အမှားနောက် လိုက်သွားကြသူကလည်း အတော်ကိုများတယ်။ စာရေးဆရာတွေရော၊ ကဗျာဆရာတွေရော၊ မြန်မာစာဆရာတွေရော။ သူတို့က မငယ်ကြပါ။
ဒေါက်တာတင့်ဆွေ
၂ဝ-၃-၂ဝ၁၈
၂၀-၃-၂၀၁၉

Comments
Post a Comment