Saturday, March 30, 2019

Scalp Infections ဦးရေခွံပိုးဝင်ခြင်း

ဆရာရေ သမီးခေါင်းမှာအနာတွေပေါက်နေလို့ အထူးသဖြင့်ခေါင်းနောင်ခြမ်း သကာရည်ကြည်တွေထွက်နေတယ် အနာလည်းရင်းနေတယ် ကိုယ်မှာပဲဖြစ်ဖြစ် ခြေမှာဖြစ်ဖြစ်အနာဖြစ်ရင်ချက်ချင်းယောင်လာတယ်ပြည်တယ်ပြီးနာလာတာ
ဘာဖြစ်တာလဲရှင် ဖြေပေးပါ

အသက် စတာ မသိ။ မေးနည်းပို့လိုက်တယ်။

၁၈ နှစ်ပါ မိန်းကလေး ပါရှင့် အပူကြောင့်ထင်လို့ကတုံးတုံးထားတယ်ရှင့် ဖြစ်တာကတော့ ခေါင်းမှာအနာတွေပေါက်နေတာပါ အရည်ကြည်တွေထွက်ပြီးရောင်နေပါတယ် ပြီတော့ခေါင်းမှာအရိုးငေါထွက်တာလို ဘုနှစ်လုံး နောက်စေ့နားထွက်နေပါတယ် ပြီးတော့ခြင်ကိုက်တဲ့ဖုလောက်ဖြစ်ရင်တောင် ချက်ချင်း ပြည်တည်နေပြီး အနာကြီးလာပြီး ရောင်ရမ်းလာပါတယ်

ဦးရေခွံပိုးဝင်တာ အကြောင်းအမျိုးမျိုးကနေဖြစ်စေတယ်။

1. Ringworm ပွေး
တခြားနေရာတွေလိုပဲ ဖြစ်တယ်။ ကုသနည်း အတူတူဖြစ်တယ်။

2. Folliculitis ဆံပင်အခြေပိုးဝင်ခြင်း
ဗက်တီးရီးယားကနေဖြစ်တယ်။ ဆံပင်အခြေမှာ နီနေမယ်။ နာမယ် ယားမယ်။ သန့်ရှင်းရေးနဲ့ အလိုလိုပျောက်နိုင်တယ်။
fusidic acid gel, clindamycin solution, erythromycin solution ပိုးသေလိမ်းဆေးတခုခုသုံးနိုင်တယ်။
Mild topical steroid lotions or creams စတီရွိုက်လိမ်းဆေးတခုခုသုံးနိုင်တယ်။
ယားတာအတွက် စီထရယ်ဇင်း တညတပြားသောက်နိုင်တယ်။
Tetracycline ပဋိဇီဝဆေး ရက်ရှည်လိုနိုင်တယ်။

3. Impetigo ပိုးဝင်ခြင်းတမျိုး
ဗက်တီးရီးယားကနေဖြစ်တယ်။ ကလေးတွေမှာများတယ်။ ကာကွယ်ဖို့ လက်ကိုမကြာခဏဆေးရတယ်။ ကူးစက်တယ်။
လူကြီးတွေလည်းဖြစ်တယ်။ Antibiotic cream ပဋိဇီဝလိမ်းဆေးလိုမယ်။ တချို့စားဆေးပါလိုမယ်။ Amoxicillin/clavulanate, dicloxacillin, cephalexin, clindamycin, doxycycline, minocycline, trimethoprim/sulfamethoxazole, and macrolides တမျိုးမျိုးသောက်ရမယ်။

4. Fungal infections မှိုပိုး
ကွက်ဖြစ်တာများတယ်။ စာတပုဒ်ရေးထားတယ်။

5. Seborrheic dermatitis အဆီပြန်ရောင်ရမ်းခြင်း
နီနေမယ်။ ယားမယ်။ ကလေးငယ်တွေလည်းဖြစ်တယ်။ လူကြီးတွေမှာ ဗောက်ကနေဆက်ဖြစ်တယ်။ ခေါင်းသန့်ရှင်းရေး လိုတယ်။

6. Scalp psoriasis ဆိုရီယေးဆစ်
ဦးရေခွံထူနေမယ်။ နီမယ်။ ငွေရောင်ဖြစ်မယ်။ အကွက်လေးတွေဖြစ်မယ်။ ကုသရတာခက်တတ်တယ်။

7. Lichen planus ရောဂါတမျိုး
ပြောင်ပြီးအရောင်လက်နေမယ်။ အနီရောင်ကနေ မရမ်းရောင်။ အလိုလိုပျောက်နိုင်တယ်။ တချို့ စတီရွိုက်ခရင်မ်လိမ်းပေးရတယ်။ တချို့ စားဆေး နဲ့ ထိုးဆေး။

ဒေါက်တာတင့်ဆွေ
၃၀-၃-၂၀၁၉

No comments:

Post a Comment

Note: Only a member of this blog may post a comment.

တဦးလျှင်

မန္တလေး စာအုပ်လမ်း စာပေအလှူ တဦးလျှင် (၁) အုပ်နှုန်း အခမဲ့ရယူနိုင်ပါသည်။ ရွှေချထားဖို့ကောင်းတဲ့ စေတနာ။ စိန်စီထားသင့်တဲ့ သတ်ပုံမှန်လက်ရေးစာ...