နွေဦးဝင်သော်
နွေဦးဝင်သော်
လေရှင်နှင်မှုတ်၊ ပင်မှပြုတ်၍
ရုတ်ရက်ဝဲကာ၊ ရွက်နီဝါတို့
လိပ်ပြာမြေဆင်း၊ ဤတသင်းသည်
ကွေကွင်းကြပြန် လေပြီတည်း။
အဟောင်းပျက်မူ
အသစ်ပြုရ၊ ဖြစ်ကုန်ကြ၏
သစ်ခွပေါ်တွင်၊ လင်္ကာဆိုပြော၊ ရွှေဥဩသည်
သောသောထံတျာ၊ အသံသာသော်
နာခံသောတ၊ ပုရစ်မြသည်
ပြသည်ကိုယ်ထင်၊ ပွဲသစ်ယင်သည်
ကြည်ရွှင်ကြပြန် လေပြီတည်း။
ဆရာဇော်ဂျီ ၁၉၃၂ ခုနှစ်က ရေးခဲ့တဲ့ကဗျာဖြစ်ပါတယ်။
နွေဦး - မောင်မောင်ညွန့် https://www.youtube.com/watch?v=-7fP28XcyPk
ဒေါက်တာတင့်ဆွေ
၂၁-၃-၂ဝ၁၉
လေရှင်နှင်မှုတ်၊ ပင်မှပြုတ်၍
ရုတ်ရက်ဝဲကာ၊ ရွက်နီဝါတို့
လိပ်ပြာမြေဆင်း၊ ဤတသင်းသည်
ကွေကွင်းကြပြန် လေပြီတည်း။
အဟောင်းပျက်မူ
အသစ်ပြုရ၊ ဖြစ်ကုန်ကြ၏
သစ်ခွပေါ်တွင်၊ လင်္ကာဆိုပြော၊ ရွှေဥဩသည်
သောသောထံတျာ၊ အသံသာသော်
နာခံသောတ၊ ပုရစ်မြသည်
ပြသည်ကိုယ်ထင်၊ ပွဲသစ်ယင်သည်
ကြည်ရွှင်ကြပြန် လေပြီတည်း။
ဆရာဇော်ဂျီ ၁၉၃၂ ခုနှစ်က ရေးခဲ့တဲ့ကဗျာဖြစ်ပါတယ်။
နွေဦး - မောင်မောင်ညွန့် https://www.youtube.com/watch?v=-7fP28XcyPk
ဒေါက်တာတင့်ဆွေ
၂၁-၃-၂ဝ၁၉
Comments
Post a Comment