Type 1 diabetes ဆီးချိုအမျိုးအစား (၁)

ဆရာမင်္ဂလာပါရှင့် ကလေးဆီးချိုရောဂါဆိုတာ ကလေးအသက်ဘယ်အရွယ်လောက်မှာ အဖြစ်အများဆုံးလဲသိပါရစေရှင့်

ဆီးချိုအမျိုးအစား (၁) ဟာ အများဆုံးတွေ့ရတဲ့ (၂) နဲ့ ဖြစ်ရတဲ့အကြောင်းခံ မတူပါ။ (၁) မှာ Autoimmune disease ခေါ် ခုခံအားကမောက်ကမဖြစ်လို့ ရောဂါရတယ်။ ကိုယ့်ပစ္စည်းတွေကို ရန်သူလိုသဘောထားပြီး တိုက်ထုတ်ခြင်းဖြစ်တယ်။

သရက်ရွက်ကနေ အင်စူလင်ဟော်မုန်းဆက်မထုတ်နိုင်တော့လို့ စားသမျှအစားအသောက်ထဲက သကြားဓါတ်ကို ထိန်းမထားနိုင်တော့ပါ။သရက်ရွက်မှာရှိတဲ့ beta cells တွေကို ရန်သူလို့ထင်မှတ်နေတယ်။

Juvenile diabetes ကလေးဆီးချိုလို့လည်းခေါ်တယ်။ အင်စူလင်ထိုးနေရပါလိမ့်မယ်။ တနေ့မှာ ၂၄ နာရီ သတိထားနေရမယ်။ ပျောက်အောင်တော့ ကုမရပါ။ ဆောရီး။

အမေရိကမှာ ၁့၂၅ သန်းရှိတယ်။ ၂ သိန်းက အသက် ၂၀ အောက်တွေ။ လူကြီးက တသန်းကျော်ရှိတယ်။ အသက်အငယ်ဆုံး ၁၂ လအောက်မှာလည်း ဖြစ်နိုင်တယ်။

ဒေါက်တာတင့်ဆွေ
၃၀-၃-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး