SGLT2 ဆီးချိုဆေး

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့မှာ ယူအက် FDA ကနေ ဆီးချိုးဆေးနဲ့ပတ်သက်တဲ့ သတိပေးချက်တခု ထွက်တယ်။

ဆေးအမျိုးအစားကို Sodium-glucose cotransporter-2 (SGLT2) inhibitors လို့ခေါ်တယ်။ အဲဒီဆေး သောက်သူတချို့မှာ ရှားပါးပေမဲ့ ဆိုးဝါးတဲ့ ရောဂါပိုးဝင်တာခံစားရလို့ဖြစ်ပါတယ်။ အဲတာကို Necrotizing fasciitis of the perineum တင်ပါးအတွင်းလွှာရောင်ခြင်းဖြစ်တယ်။ Fournier’s gangrene ရောဂါလို့လည်းခေါ်တယ်။

ဒီသတင်းကိုတင်တဲ့ ဝဘ်ဆိုက်က ဆေးကုမ္ပဏီကိုတရားစွဲလိုသူတွေကို ရှေ့နေလိုက်ပေးမယ်တဲ့။ ယူအက်စ်အေမှာ အဲလိုကြာ်ငြာတွေက များတယ်။ တီဗွီမှာ ဟိုရောဂါ သည်ရောဂါ ဟိုကင်ဆာ သည်ကင်ဆာအတွက် တရားစွဲမလား ဆိုတာတွေ နေ့တိုင်းလာတယ်။

သူတို့ဆီမှာ တရားဥပဒေက နေရာတကာအရေးကြီးတယ်။ တရားဥပဒေနဲ့ စီးပွါးလုပ်နည်းတွေပါရှိတာ။

ဒေါက်တာတင့်ဆွေ
၃၀-၃-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး