ဖက်ဆစ်တော်လှန်းရေး ကာလတို

၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့ကို ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့နဲ့ တပ်မတော်နေ့လို့ ခေါ်ကြတယ်။ အခေါ်ကို မကျေနပ်သူတွေက များတယ်။ ကျွန်တော်တို့တွေ အမည်နိုင်ငံရေး၊ ဝေါဟာရနိုင်ငံရေးနဲ့ စာလုံးပေါင်းနိုင်ငံရေးတွေနဲ့ လုံးချာလိုက်နေကြတာကြာပြီ။ တချို့ဆိုရင် မျက်စိလည်ပြီး၊ အမှားကိုသာ အမှန်ထင်နေကြတယ်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ ဂျပန်ဟာ မြန်မာပြည်ကို ၁၉၄၂ ခုကနေ ၁၉၄၅ အထိ သိမ်းပိုက်ထားနိုင်ခဲ့တယ်။ ရဲဘော်သုံးကျိပ်ကို စစ်သင်တန်းပေးပြီး သူတို့နဲ့အတူ မြန်မာပြည်ကိုဝင်သိမ်းခဲ့တာ။ ၁၉၄၃ ခု သြဂုတ်လ (၁) ရက်နေ့မှာ မြန်မာပြည်လွတ်လပ်ရေးရပြီလို့ ကြေညာတယ်။ တကယ်တန်းတော့ ဂျပန့်လက်အောက်ခံဘဝသာဖြစ်တယ်။

ဂျပန်အတွက် မြန်မာပြည်ကိုသိမ်းယူနိုင်ခြင်းဟာ မဟာဗျူဟာကျတယ်။ ဗြိတိသျှနဲ့ အမေရိကန်ကို တိုက်ဖို့ဖြစ်တယ်။ တရုပ်ကိုပေးနေတဲ့အကူအညီလမ်းကို ဖြတ်တောက်ဖို့ပါတယ်။ အရှေ့တောင်အာရှကထွက်တဲ့ ကြက်ပေါင်စေးကို အမေရိကန်က ရချင်တာကို မရအောင်လုပ်နိုင်လိုက်တယ်။

၁၉၄၅ ခု မတ်လ ၂၇ ရောက်တဲ့ကာလမှာတော့ ဂျပန်ဟာ အကျပိုင်းရောက်လာပြီ။ ၁၉၄၄ ထဲမှာ အိန္ဒိယကိုဝင်တိုက်တာ အင်ဖါးတိုက်ပွဲမနိုင် ရှေ့ဆက်မတိုးနိုင်။ မဟာမိတ်တပ်တွေက ၁၉၄၄ ခုနောက်ပိုင်းကစပြီး တန်ပြန်ထိုးစစ်နဲ့ ဗမာပြည်ထဲ ဝင်လာပြီ။ ဂျပန် နောက်ဆုတ်ဆုတ်ပေးရတယ်။

ပုလဲဆိပ်ကမ်းကို ဂျပန်က ၇-၁၂-၁၉၄၁ နေ့က အလစ်ဝင်တိုက်တဲ့နောက် ၈-၁၂-၁၉၄၁ နေ့ကျမှာ အမေရိကန်က စစ်ထဲပါလာတာ။ ၆-၈-၁၉၄၅ နဲ့ ၉-၈-၁၉၄၅ နေ့တွေမှာ အနုမြူဗုံး ၂ လုံချခံရပြီးနောက် ၁၅-၈-၁၉၄၅ မှာ ဂျပန် လက်နက်ချတယ်။

မြန်မာပြည်မှာ ၁၉၄၅ ခုနှစ် မတ်လ ၂၇ နေ့မှာ ဖက်ဆစ်တော်လှန်ရေး တရားဝင်စတယ်။ ၁၉၄၅ ခု မေလရောက် ဂျပန်တွေ ဗမာ့မြေက ဆုတ်ခွါရတယ်။ ၃ လအတွင်းမှာ ထွက်ရတာ။ ဖက်ဆစ်တွေဟာ မြန်မာပြည်မှာ နှစ်ကာလ သိပ်မကြာပါ။ ဒါပေမဲ့ ဗမာပြည်ဟာ ရွှေရည်စိမ် လွတ်လပ်ရေးသာရတယ်၊ ရက်ရက်စက်စက်ခံခဲ့ရတယ်။ ပြန်ပြောတာကို ကြားတာနဲ့ ကြောက်ကြမယ်။ စာတွေဖတ်ရင် သိမယ်။

အဲလိုပဲ အာဏာရှင်တွေဟာ သူတို့တက်စမှာ ဟုတ်တယ်ထင်အောင် လုပ်ပေးတတ်ကြတယ်။ ရက်စက်ကြတယ်။ ဖက်ဆစ်ဂျန်က ကာလမကြာလှပါ။ စစ်အာဏာရှင်က ရာစုတဝက်ကြာတယ်။

ဖက်ဆစ်ကိုတိုက်နိုင်ခဲ့တာ အချိန်ရွေးမှန်လို့၊ ခေါင်းဆောင်ပိုင်းက ဉာဏ်သုံးနိုင်ခဲ့လို့နဲ့ တပြည်လုံးကလိုက်ပါခဲ့လို့ဖြစ်တယ်။

အမည်နိုင်ငံရေး၊ ဝေါဟာရနိုင်ငံရေးနဲ့ စာလုံးပေါင်းနိုင်ငံရေးတွေနဲ့ လုံးချာလိုက်နေကြတာကြာပြီ။ တချို့ဆိုရင် မျက်စိလည်ပြီး၊ အမှားကိုသာ အမှန်ထင်နေကြတယ်။ အဲတာ တပြည်လုံးက မလိုက်ပါနိုင်အောင်လုပ်တာဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၂၈-၃-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး