The Mirror Image ကြေးမုံမှာပေါ်တဲ့ မေးခွန်း

အရိုးကင်ဆာရှိသလားဆရာလို့ မေးတာကို ကျွန်တော့်မှာတော့ မရှိပါလို့ ဖြေရတယ်။ ရောဂါဆိုတာရှိသလားတော့ ဖြစ်နိုင်တယ်။ ကျွန်တော့မှာအဲတာရှိသလားလည်းဖြစ်နိုင်တယ်။

စာတွေမမှန်လို့ ဖတ်မရပါ ဆရာရှင့်တဲ့။ ကျွန်တော်ရေးတာမှာ အမှားတွေတွေ့ရင် ထောက်ပြစေချင်တယ်။ လူဆိုတာ မှားတတ်ကြတယ်။ ဖေါင့်မတူလို့ဖြစ်နိုင်တယ်။ ကျွန်တော်ရေးတဲ့သတ်ပုံ သဒ္ဒါမှားတာကော မဖြစ်နိုင်ဘူးလား။

အထအနကောက်တာ မဟုတ်ပါ။ မေးခွန်းကို မေးတဲ့အတိုင်းသာ ဖြေရတယ်။

နိုင်ငံခြားပညာသင်သွားမဲ့ တကာမတယောက်က ဆရာတော်တပါးဆီကို သူ့ကို ဘာသာရေးမေးကြရင် ဘယ်လိုအခြေခံနဲ့ ဖြေရပါမလဲလို့ မေးလျှောက်တယ်။ ကြေးမုံမှန်ပြင်မှာ ပေါ်ထင်တဲ့အတိုင်းသာဖြေပါလို့ သွန်သင်လိုက်ပါသတဲ့။

ဒေါက်တာတင့်ဆွေ
၁-၄-၂ဝ၁၈
၁-၄-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး