အတက်ရောဂါရနေသော မြန်မာစာ

ကွန်မင့်တခုရတယ်။ မလုပ်တတ်မကိုင်တတ် မပြောတတ်မဆိုတတ် အားလုံးကို တက်လို့သုံးနေတာ စာရေးဆရာမတွေ ဂျာနယ်တွေပါနေတယ် မဖတ်တတ်ကို မဖက်တတ် ဖတ်ရတာထောင့်နေတယ် ကကြီးနဲ့တဝမ်းပူမှားရိုက်ရအောင် အက္ခရာ ၂ ခုကပ်နေတာ မဟုတ်တော့ဘယ်လိုခေတ် ဆိုတာမသိတော့ဘူး တဲ့။

တက်ကျွမ်းအောင်သင်ထားသူများ၊
တက်စွမ်းသလောက်လုပ်နေသူများ၊
တက်တိုင်းကြွားသူများ၊
တက်တိုင်းပညာပြနေသူများ၊
တက်သိလိမ္မာသူများ၊
တက်ယောင်ကားလုပ်သူများ၊
အမှန်ကိုမကြည့်တက်သူများ၊
မတ်တက်ရပ်နေသူများ၊
ဖြစ်ကတက်ဆန်းသမားများ၊
ပြောတက်ဆိုတက်သူများ၊
ဘယ်အစိုးရတတ်တတ် ပညာတက်ပြီး ရာထူးတတ်သူများ၊ 
ဖွတ်ပတက်များ အခုခေတ်မြန်မာပြည်မှာ အလွန်များတယ်။

အထက်ကစာလုံးတွေမှာ တက် နဲ့ တတ်ကို ပြောင်းပြန်ယူမှသာ မှန်ပါတယ်။ ဆောရီး။ အတက်ရောဂါဆိုတာ သေလုမတတ်ဖြစ်တတ်တယ်။

ဒေါက်တာတင့်ဆွေ
၂၄-၃-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး