ဝုတ်ဝုတ် ဝုတ်ဝုတ် ရထားခုတ်

ဆရာရှင့် သမီးအသက် ၃၅နှစ်ပါ။ Feb ၂၇ ရက်က ကိုယ်ဝန် ၂ လနဲ့ပျက်ကျသွားပါတယ်ရှင့်။ သားအိမ်ခြစ်တာ အခုဆို ၂၁ရက်ရှိပါပြီရှင့်။ သားအိမ်ခြစ်ပြီး ဘိုင်အိုစီစစ်ပါတယ်။result ကကောင်းပါတယ် April ရာသီပေါ်ပြီးရင် ကလေးပြန်ယူလို့ရတယ်ပြောပါတယ်ရှင့်။ သမီးသားအိမ်ထဲမှာ အလုံးလေး ၂လုံးရှိပါတယ်ဆရာ 1.5.cm နဲ့ 2.4 ပါရှင့်။ ဆရာမကတော့ ဒိအလုံးကြောင့် အလေးအဖတ်မတင်တာလဲ မဝုတ်ကြောင်းနဲ့ သမီးအလုံးက သေးနေလို့ ခွဲဖို့လဲမလိုကြောင်းပြောပါတယ်ရှင် သမီး ကလေးထပ်ယူလို့အဆင်ပြေပါ့မလားဆရာရှင့် ဒိအလုံးကိုရောသမီးဘယ်လိုကုရင်ပျောက်မလဲသိချင်လို့ပါရှင့်

ဆေးစစ်ချက်စာ ပုံမဟုတ် မသိ။ မျိုးပွါးလမ်းမှာဖြစ်တာ သားအိမ်အကျတ်နဲ့ မျိုးဥအိမ်ရေအိတ်စတာတွေက မတူပါ။ စမ်းသပ်ကုသပေးနေတဲ့အိုဂျီက သူ့လူနာအခြေအနေကို ပိုသိတယ်။ သားအိမ်အလုံး၊ မျိုးဥအိမ်ရေအိတ်စာတွေ ခဏခဏ (ခဏခဏ) တင်ထားတယ်။ ဘလော့မှာ အားလုံးရှိတယ်။

ဖြေပြီးပြီ။ စာရေးတာ ပြင်ဦးမယ်။ ဝုတ် အစား ဟုတ်လို့ ရေးသင့်။ ဟုတ်၊ ဟုတ်ကဲ့၊ ဟုတ်မှန်သည်။

ဝုတ်
တဂါဝုတ်
ဝုတ်ဝုတ်လည်သည်
ဝုတ်ဝုတ် ခွေးဟောင်သည်
ဝုတ်ဝုတ် ဝုတ်ဝုတ် ရထားခုတ်
ခုနစ်တောင် တတာ၊ နှစ်ဆယ်တာ တဥသဘ၊ နှစ်ဥသဘ တကောသ၊ လေးကောသ တဂါဝုတ်၊ လေးဂါဝုတ် တယူဇနာ။

ဒေါက်တာတင့်ဆွေ
၂၁-၃-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး