Experience အတွေ့အကြုံ

ဆရာရှင့် ကျမသားလေး ၂ နှစ်ရှိပါပြီ သားလေးမွေးတုန်းက epudiral ထိုးထားပါတယ် ရိုးရိုးမွေးတာပါ ဒါပေမယ့် ခုချိန်ထိ ခါးက အနေအထိုင်မသင့်ရင် တချက်တချက် နာပါတယ် side effect လို့ပဲ မှတ်ယူပါတယ် တလောက ဝမ်းကွဲညီမလေးနဲ့ စကားပြောကြည့်တော့ အဲဒါ ထိုးပေးတဲ့ သူက မလုပ်တတ်ဘူးလို့ပြောပါတယ် သူလဲ ကလေးမွေးတုန်းက epuridal ထိုးခဲ့ရတာပဲ သူ့ကျတော့ ခါးနာတာကျင်တာ မဖြစ်ဘူးတဲ့ နားလည်ပါတယ် လူတဦးနဲ့တဦး ခန္ဓာကိုယ် တည်ဆောက်ပုံချင်း မတူတော့ အကျိုးသက်ရောက်တာချင်းမတူဘူးဆိုတာ ဒါပေမယ့် သူပြောသလို လုပ်ပေးတဲ့လူက မတတ်ကျွမ်းလို့ ဖြစ်ရတယ် ဆိုတာကိုတော့ သိပ်ဘဝင်မကျလှဘူး ဆရာဖြေကြားပေးပါ ကျေးဇူးတင်ပါတယ်

ဆောရီး။ နေရာတကာမှာ အတွေ့အကြုံလိုတာ မှန်တယ်။ ကျွမ်းကျင်ရာ လိမ်မာဆိုတာလည်း မှန်တယ်။ နေရာတိုင်းမှာ ခေတ်တိုင်းမှာ ရှိတယ်။ နိုင်ငံတိုင်းလိုလိုမှာလည်း ရှိတယ်။ ဆရာဝန်တဦးတည်းကနေ မတူတဲ့လူနာတွေကို လုပ်ကိုင်ပေးတိုင်းလည်း အတူတူသာ ဖြစ်ကောင်းမှ ဖြစ်တယ်။

ခွဲစိတ်ပညာစာတွေမှာ ကိုယ်ပိုင်အတွေ့အကြုံလေးတွေပါ ထည့်ရေးထားပါတယ်။ အတွေ့အကြုံဆိုတာ အရာရာမှာ ဆရာတဲ့။ ဂျူလီယက်ဆီဇာက ပြောတာ။

ဆရာဝန်တွေကိုယ်တိုင် နေမကောင်းဖြစ်တဲ့အခါ ဆေးရုံတက်ရ ခွဲစိတ်ကုသခံရတာတွေလုပ်ကြရတယ်။ ကျွန်တော် နယူးဒေလီမှာ ၃ ခါဆေးရုံရောက်ပါတယ်။ ကမ္ဘာမှာ အကောင်းဆုံး မဟုတ်သလို၊ ဒေလီမှာလည်း အကောင်းဆုံး မဟုတ်ပါ။ ကိုယ်ရွေးချယ်တာနဲ့ ကိုယ်နဲ့ထိုက်တန်တာကိုသာ ရတယ်။

ကျွန်တော်ကနေလည်း လာကုသတဲ့လူနာတွေကို အကောင်းဆုံးဆိုတာမျိုး လုပ်ကိုင်ပေးနိုင်ခြင်း မရှိပါ။ ဆရာဝန်သက်နုစဉ်မှာ ထင်တာထက် အဆင်ပြေခဲ့တာမျိုးလည်းရှိခဲ့တယ်။ ဆောရီး။ ကိုယ်ရွေးချယ်တာနဲ့ ကိုယ်နဲ့ထိုက်တန်တာကိုသာ ရတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၃-၂ဝ၁၈
၂၄-၃-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ