The lever ကုတ်

ကျွန်တော့်ဂျင်နရေးရှင်းကလေးတွေ ကစားနေတဲ့ပုံတွေ့ပြီး သူငယ်ချင်းတယောက်ဂျင်နရေးရှင်းပုံကိုပါ ဆက်တွေ့တယ်။ ပုံ နှစ်မျိုးလုံးမှာ တွန်းလှည်းခေါ် ပစ္စည်းတို့ အမှိုက်တို့သယ်စရာပါတယ်။

ငါးတန်းကို ပြန်သတိရတယ်။ အထွေထွေသိပ္ပံကို စသင်ရတော့ ကုတ်အကြောင်းမှာ ဆီးဆော့ပုံ၊ တွန်းလှည်းနဲ့ ကွမ်းသီးညှပ်ပုံတွေ မျက်စိထဲပြန်မြင်မိတယ်။ ပဌမတန်းစားကုတ်၊ ဒုတိယတန်းစားကုတ်နဲ့ တတိယတန်းစားကုတ် မနည်း လိုက်မှတ်ခဲ့ရတာ။

လီဗာ ကို ကုတ် သို့မဟုတ် မောင်းတံလို့ ဘာသာပြန်တယ်။ ကားအသုံး လီဗာကို ကျွန်တော်တို့ လွဲနေကြတယ်။

ဝန်ရယ် စိုက်ထုတ်အားနဲ့ ဆုံချက်တွေ နေရာမတူတာကိုသာ လီဗာ နဲ့ ကုတ်လို့ခေါ်တယ်။ ကားဂီယာပြောင်းမောင်းတံကို Gear Shift Knob လို့ခေါ်ကြတယ်။

အပြင်မှာနေကြတဲ့သူငယ်ချင်းတွေရော ကျွန်တော်ပါ အရင်က အသုံးအခေါ်မှားခဲ့တာတွေကို ဂီယာပြောင်းသလို ပြောင်းပြင် ခေါ်ကြရပါတယ်။

ဘယ်သူ့ဂျင်နရေးရှင်းဖြစ်ဖြစ် နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၈-၃-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး