မြန်မာစာသည် ကမ္ဘာကြီးနှင့်တူ၏

ဆရာခင်ဗျား ငယ်ငယ်က မြန်မာစာ သင်ရိုးမှာ တ နဲ့ တစ်ကို ဆိုရင် တစ်နဲ့သာ ရေးရမယ်ဆိုပြီး ကျောင်းက ဆရာ ဆရာမ တော်တော်များများက အမှတ်ပေးကြပါတယ်။ ခု ဆရာပြောမှ တ နဲ့ ရေးတာ အမှန်လို့သိရပေမယ့် ကျောင်းသုံးစာအုပ်တွေထဲက ပုံနှိပ်စာလုံးနဲ့ သွေဖယ်နေလို့ဆိုပြီး တ ကို အမှားပေးရင် ဥပမာ အမ နဲ့ အစ်မ ကျောင်းက အစ်မလို့သင်တယ်။ ဆရာက အမလို့ပြောတယ်ဆိုပြီး ထောက်ပြရင် ကလေးတွေအတွက် ဘယ်ဟာကို အမှန် မှတ်ယူရမလဲခင်ဗျ။

အကျိုးအကြောင်းကို အကြိမ်တရာလောက်တော့ နမူနာဓါတ်ပုံတွေနဲ့တကွ တင်ပြထားပြီးပြီ။

ကမ္ဘာကြီးသည် ကျောင်းမှာလုံးဝန်း၍ အိမ်မှာပြားချပ်သည်။

မြန်မာစာမှာတော့ ကျောင်းမှာတစ်၍ အိမ်မှာတဖြစ်သည်။

မြန်မာစာသည် မသာလည်းတ သာလည်းတ ကမ္ဘာ့သည်းအူ သီတဂူလို့ ညွှန်းဆိုတဲ့ လမင်းကြီးလို သာနိုင်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)