Pregnancy Tests ကိုယ်ဝန်ရှိ မရှိစစ်နည်း

(ကန်တော့)

မင်္ဂလာပါဆရာ ကျွန်မကအသက် ၄၀ ပါ။ အိမ်ထောင်ရှိပါတယ်။ ကိုယ်ဝန်ရှိမရှိကို ဘယ်အချိန်မှာ ဆီးစစ်တံနဲ့စစ်ရင်သိနိုင်ပါသလဲရှင်။

ရာသီလာရက် တပတ်နောက်ကျချိန်ကစပြီး ဆီးစစ်နိုင်။

ကိုယ်ဝန်ရှိ မရှိစစ်နည်း ၂ မျိုးရှိတယ်။ ဆီး နဲ့ သွေး။ ၂ နည်းလုံးက human chorionic gonadotropin (hCG) ခေါ် ဟော်မုန်းကို စစ်တာ။ အချင်းကနေထုတ်တဲ့ဟော်မုန်းဖြစ်တယ်။ သန္ဓေသားက သားအိမ်ကိုလာကပ်ပြီး မကြာခင်မှာ အဲတာထွက်လာတယ်။

ရာသီပြန်လာရမဲ့ရက်ပြီးတာနဲ့ စစ်လို့တော့ရပြီ။ သန္ဓေသားဖြစ်လာချိန်နောက် ၂ ပတ်ဆိုရင် အပေါင်းပြမယ်။ အဲဒီရက် အတိအကျမသိနိုင်ပါ။ စမ်းသပ်နည်းဟာ ၉၇% တိကျတယ်။ သွေးစစ်နည်းမှာ ၂ မျိုးရှိတယ်။ ကိုယ်ဝန်ရှိ မရှိစစ်နည်းနဲ့ ဟော်မုန်းအနည်း အများ။ သွေးစစ်နည်းက ဆီးစစ်နည်းထက် ၇ ရက်ကနေ ၁၂ ရက်စောသိနိုင်တယ်။

ဆီးစစ်လို့ အပေါင်းမပြသူမှာ ကိုယ်ဝန်မရှိ ဒါမမှဟုတ် စစ်တဲ့ရက်က စောတာဖြစ်မယ်။ စစ်ဆေးနည်းဆေးညွှန်းစာကို လိုက်နာရမယ်။ မျဉ်းတကြောင်း မထင်မရှားပေါ်တာလည်း ကိုယ်ဝန်ဖြစ်နိုင်တယ်။ နောက် ၃-၄ ရက်မှာ ထပ်စစ်ပါ။

အပေါင်းပြ သို့မဟုတ် မျဉ်းနှစ်ကြောင်းထင်ရှားသူပေမဲ့ ကိုယ်ဝန်မဟုတ်တာလည်းရှိတယ်။ စာသပ်သပ်ရေးထားတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၃-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး